အမှန်/အမှား
+++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“တောင်ငူလေတပ်စခန်း တိုက်ခိုက်ခံရတာမရှိကြောင်း”စစ်ကောင်စီဘက်က သ တင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်နဝါရီ ၅ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ ပဲခူးတိုင်းတောင်ငူမြို့အခြေစိုက် တောင်ငူလေတပ်စခန်းဌာနချုပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့သတင်းကို လွတ်လပ်သောသ တင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၄ ရက် မနက် ၁ နာရီအချိန်ခန့်မှာ တောင်ငူ(ကေတုမတီ)လေတပ်စခန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁၀ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ မြေလတ်အသံသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ MKCD F တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
တောင်ငူလေတပ်စခန်းဟာ နှစ်သစ်ကူးညမှာ ကရင်နီပြည်ဒေသကို ဗုံးကြဲမှုအပါအဝင် နိုင်ငံတဝှမ်းမှ ပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လေတပ်တွေထဲ တောင်ပိုင်းရှိ အရေးပါသော လေတပ်စခန်းတစ်ခု ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
MKCDFတပ်ဖွဲ့ ထုတ်ပြန်ချက်လင့်
လွတ်လပ်ရေးနေ့မှာ မြန်မာပြည်သူတွေ မလွတ်လပ်သေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ကြောက်စိတ်နဲ့ မလွတ်မလပ်ထိတ်လန့်နေစေရန်အတွက် အထူးသဖြင့် လေတပ်စခန်းကို အဓိကထားကာ ဒီမစ်ရှင်ကိုလုပ်ခဲ့ရခြင်းဖြစ်တယ်လို့ MKCDF တပ် တာဝန်ရှိသူရဲ့ ပြောဆိုချက်ကို People’s Spring မှာဖော်ပြထားပါတယ်။
မြေလတ်အသံသတင်းဌာနက သတင်းလင့်
People’s Spring သတင်းဌာနကဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်