January 8, 2025

တောင်ငူလေတပ်စခန်း တိုက်ခိုက်ခံရတာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“တောင်ငူလေတပ်စခန်း တိုက်ခိုက်ခံရတာမရှိကြောင်း”စစ်ကောင်စီဘက်က သ တင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်နဝါရီ ၅ ရက်က…

တစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၁၀၀ နီးပါး သေဆုံး

မော်လမြိုင်၊ ဇန်နဝါရီ ၈ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ…

ထားဝယ်အရှေ့တောဒေသ ဗုံးကြဲခံရလို့ အရပ်သား နှစ်ဦး ဒဏ်ရာရ

ထားဝယ်၊ ဇန်နဝါရီ ၈ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ကွမ်းချောင်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ ၄ က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဇန်နဝါရီ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွမ်းချောင်းကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာပါ။ ဗုံးကြဲမှုကြောင့်…