ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ ၅
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ် ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။
အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အ နန်းကွင်းဗျူဟာမရောက်ခင် ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။
ဒီဇင်ဘာ ၃၀ ရက်နေ့ကနေ ဇန်နဝါရီ ၂ ရက်နေ့အထိ လေးရက်ဆက်တိုက် ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း ၃၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က ထုတ်ပြန်ထားပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းအရ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးနေတာ တွေ့ရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တာပါ။
တော်လှန်ရေးအင်အားပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ရဲဘော်တစ်ဦးကျဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလေးကြိမ်၊ လက်နက်ကြီး ပစ်ကူပေးမှုအကြိမ် ၁၅၀ နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ တောင်ပိုင်းစစ်ဒေသကလည်း အနန်းကွင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားနေကြောင်း ဇန်နဝါရီ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ရေးအရအရေးပါတဲ့ အနန်းကွင်းဗျူဟာကို တော်လှန်ရေးတပ်ဖွဲ့တွေကလနဲ့ချီ ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း ဗျူဟာမကျရေးအတွက် လေကြောင်းခုခံတာအပြင် စစ်ကူအ များအပြား ပို့ဆောင်နေတာပါ။
ဒါပေမယ့် စစ်ကောင်စီ စစ်ကူကြောင်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အနန်းကွင်းဗျူဟာမရောက်ဘဲ စစ်ကြောင်းပျက်ပြီး နောက်ပြန်ဆုတ်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အနန်းကွင်းတိုက်ပွဲတွေကြောင့် အနန်းကွင်း၊ လွတ်ရှမ်းကျေးရွာအပါအဝင်ကျေးရွာပေါင်း ခုနှစ်ရွာထက်မနည်းက ဒေသခံထောင်နဲ့ချီ မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ မုဒုံမြို့တွေအပြင် ဘေးလွတ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေကြရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SOF