အမှန်/အမှား

++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ကရင်နှစ်သစ်ကူးနေ့မှာ KNU အုပ်ချုပ်နယ်မြေထဲ လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်မှု ကျူးလွန်ခဲ့တာမရှိကြောင်း”စစ်ကောင်စီတပ် သတင်းအမှားဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ပိုင်မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်နဝါရီ ၁ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ KNU သထုံခရိုင် ယိုကလား(ကြသောင်းဆိပ်)ရွာမှာ ကျင်းပတဲ့ ခရိုင်အဆင့် ကရင်နှစ်သစ်ကူးနေ့ပွဲ အခမ်းအနားပြုလုပ်ရာ နေရာတွေကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စစ်တပ်က လေ ကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ပွဲတက်ရောက်တဲ့ KNU ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေနဲ့အဖွဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကနေ ပြန် လာစဉ် တိုက်ခိုက်ခံရတာဖြစ်ကြောင်း ဒေသခံတွေရဲ့ထုတ်ဖော်ပြောပြချက်ကို KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

နှစ်သစ်ကူးနေ့မတိုင်ခင် တစ်ညလုံး၊ နောက်နေ့ တစ်မနက်လုံးအထိ စစ်တပ်ကလေယာဉ်တွေ ဝဲနေလို့ ပွဲတော်လာရောက်သူသိပ်မရှိဘဲ အခမ်းအနားပြီးတာနဲ့ KNU ဒုဥက္ကဋ္ဌအဖွဲ့လည်း ချက်ချင်းပြန်ထွက်သွားရာ ပြန်တဲ့လမ်းကားရဲ့အရှေ့ကို စစ်တပ်ကဗုံးကြဲချခဲ့တာလို့ ယိုကုလားရွာက ဒေသခံတစ်ဦးက KIC ကို ပြောထားပါတယ်။

KIC သတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/K0mvg

KNU သထုံခရိုင် ယိုကလားနဲ့ ဖာပွန်ခရိုင် နိုဖောထီးကျေးရွာရှိ နှစ်သစ်ကူးကျင်းပတဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအပြီး ပျော်ပွဲရွှင်ပွဲတွေနဲ့ အားကစားပွဲတွေကျင်းပရာ နေရာတွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်က ကရင်လူမျိုးတွေ အထွတ်အမြတ်ထားရာ ကရင်နှစ်သစ်ကူးပွဲတော်အား ဂုဏ်သိက္ခာညိုးနွမ်းစေပြီး ပွဲတော်တက်ရောက်သူတွေကို သေကြေပျက်စီးစေဖို့ လုပ်ဆောင်တဲ့အတွက် KNU ဗဟိုက ပြင်း ထန်စွာ ဆန့်ကျင်ကန့်ကွက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

KNU သတင်းထုတ်ပြန်ချက်လင့်

https://shorturl.at/V6Rp8

DVB သတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/8mQVD

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.