January 3, 2025

စစ်အာဏာသိမ်း (၁၄၃၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၀၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ၄ AAPP ရဲ့ ဇန်နဝါရီ ၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၃၃) ရက်အတွင်း ပြည်သူ (၆၁၀၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၀၉၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

NUG ရဲ့ ယန္တရားတွေ ပြုပြင်ပြောင်းလဲရေးနဲ့ တော်လှန်ရေးအလားအလာ

မော်လမြိုင် ၊ ဇန်နဝါရီ ၄ စစ်တပ်အလဲလဲအပြိုပြို ဖြစ်နေချိန်မှာ အမျိုးသားညီညွတ်‌ရေးအစိုးရ NUG အနေနဲ့ တော်လှန်‌ရေးအတွက် ဦးဆောင်သူတွေအပါအဝင် စစ်ရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာ အပြောင်းအလဲတွေ လုပ်သွားမယ်လို့ နှစ်ဆန်းပိုင်းမှာ ထုတ်ပြောလာပါတယ်။ ၂၀၂၅ ခုနှစ်မှာ တော်လှန်ရေးအောင်မြင်ဖို့ လိုအပ်တဲ့ အပြောင်းအလဲတွေကို တွန့်ဆုတ်နေမှာ မ ဟုတ်ဘဲ ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီ…

ကတိုင်တိစခန်းမကျရေး စစ်ကောင်စီလေကြောင်းနဲ့ အပြင်းအထန်ခုခံနေ

ဖာပွန်၊ ဇန်နဝါရီ ၄ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ကတိုင်တိဒေသအတွင်းမှာ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စခန်းမကျရေးအတွက် လေကြောင်းနဲ့ အပြင်းအထန်ခုခံနေတယ်လို့ နယ်ခံစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့အထက်ဘက် ၁၀ မိုင်ကျော်အကွာ ကမမောင်း-ဖာပွန်…

KNU သထုံခရိုင်မှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားလေးဦးသေဆုံး

သထုံ၊ ဇန်နဝါရီ ၄ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေရှိ ကျေးရွာတွေထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ KNU သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ဘားအံ၊ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်ထဲကို ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ခတ်မှု…

ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေ

မကွေး ဇန်နဝါရီ ၃ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်​ဘာလ နောက်ဆုံးအပတ်က စလို့ ပွင့်ဖြူမြို့နယ်အတွင်းနေရာအနှံ့မှာ စစ်ကောင်စီ အင်အားတွေ တိုးချထားပြီး လူငယ်တွေကို စစ်ဆေးမေးမြန်း ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။ “အဓိကကတော့ သူတို့က လမ်းသွားလမ်းလာတွေကို ဖမ်းတယ်။ ဖမ်းတဲ့အခါမှ…

တောင်ကိုရီးယားမှာ နိုင်ငံရေး ဗရုန်းသုန်းကား ဖြစ်နေပြီလို့ မြောက်ကိုရီးယား ပြော

ဆိုးလ်၊ ဇန်နဝါရီ ၃ စွပ်စွဲ ပြစ်တင်ခံထားရတဲ့ သမ္မတဟောင်း ယွန်ဆွတ်ယိုလ်အတွက် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းအတိုင်း စုံစမ်း စစ်ဆေးရေးမှူးတွေက ဖမ်းဆီးဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားဟာ ဗရုန်းသုန်းကား ဖြစ်နေသလို နိုင်ငံရေးအရ ယိုင်နဲ့သွားပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။ လတ်တလော သီတင်းပတ်တွေအတွင်း တောင်ကိုရီးယားမှာ ဖြစ်ပွားနေတဲ့…

ရုရှား ဓာတ်ငွေ့အရေး ယူကရိန်းကို လက်တုံ့ပြန်ဖို့ ဆွေးနွေးသွားမယ်လို့ စလိုဗက်ကီးယား ပြော

ဘရာတီဆလာဘာ၊ ဇန်နဝါရီ ၃ ယူကရိန်းက သူတို့ရဲ့ နယ်မိတ်တွေကနေ စလိုဗက်ကီးယားသို့ ရုရှား ဓာတ်ငွေ့ ပို့ဆောင်နေမှုကို ရပ်တန့်လိုက်ပြီးနောက် ကိဗ်အစိုးရအပေါ် လက်တုံ့ပြန်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ မိမိတို့ ညွှန့်ပေါင်း အစိုးရအဖွဲ့ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘက် ဖီကိုက ဇန်နဝါရီ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ မိမိရဲ့ Smer…

တနင်္သာရီမှာ မိုင်းနင်းမိလို့ စစ်ရှောင်အမျိုးသား တစ်ဦး သေဆုံး

တနင်္သာရီ၊ ဇန်နဝါရီ ၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ချောင်းနှစ်ပေါက်နဲ့သိန်းခွန်ကျေးရွာကြားမှာ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် စစ်ရှောင် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ချောင်းနှစ်ပေါက်ကျေးရွာသားတွေဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် ဦးဇော်မင်းနဲ့ အဖော်သူ အမျိုးသားတစ်ဦးတို့ဟာ…

တစ်နှစ်အတွင်း စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၄၀၀ ကျော် သေဆုံး

မော်လမြိုင်၊ ဇန်နဝါရီ ၃ မြန်မာနိုင်ငံ နေရာဒေသအသီးသီးမှာ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၄၀၆ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ကောင်စီရဲ့ ထိန်းသိမ်းရေးစခန်းတွေဖြစ်တဲ့ ရဲစခန်းမှာ သေဆုံးသူ ၁၂ ဦး၊ စစ်ကြောရေးစခန်းတွေမှာ…

မတ္တရာမှာ ကလေးနှစ်ဦးသေဆုံးတာ PDF တိုက်ခိုက်မှုကြောင့်လို့ စစ်တပ်လိမ်လည်ဝါဒဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“မန္တလေးတိုင်း မတ္တရာမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးသေဆုံးတာ PDF တွေတိုက်ခိုက်မှုကြောင့်”ဆိုပြီး စစ်ကောင်စီတပ် သတင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင်…