January 2, 2025

စစ်အာဏာသိမ်း (၁၄၃၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၉၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ၃ AAPP ရဲ့ ဇန်နဝါရီ ၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၃၂) ရက်အတွင်း ပြည်သူ (၆၀၉၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၀၈၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

VPN သုံးရင် ထောင်ဒဏ်ငွေဒဏ် ချမှတ်မယ့် ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီပြဌာန်း

မော်လမြိုင် ၊ ဇန်နဝါရီ ၃ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူခြင်းမရှိဘဲ VPN ထူထောင်တာနဲ့ အီလက်ထရောနစ်နည်းပညာအသုံးပြုပြီး အွန်လိုင်းရာဇဝတ်မှု ကျူးလွန်သူတွေအတွက် စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီ ၁ ရက်နေ့မှာ အတည်ပြုပြဌာန်းလိုက်ပါတယ်။ ဥပဒေအရ VPN သုံးစွဲမှုကန့်သတ်ချက်အပါအဝင် ဆိုက်ဘာအလွဲအသုံးစားလုပ်တာ၊ အွန်လိုင်းငွေကြေးခိုးယူတာနဲ့ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း ပြုလုပ်ရင်ထောင်ဒဏ်နဲ့ ငွေ ဒဏ်တွေ ချမှတ်မယ်လို့ ဆိုပါတယ်။…

မွန်ပြည်နယ်က သန်းခေါင်စာရင်းမကောက်နိုင်တဲ့ ဒေသတွေအတွက် ခန့်မှန်းလူဦးရေ လေးသိန်းကျော် ထည့်သွင်း

မော်လမြိုင် ၊ ဇန်နဝါရီ ၃ မွန်ပြည်နယ်မှာ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မကောက်နိုင်တဲ့ ဒေသတွေအတွက် ခန့်မှန်းခြေလူဦးရေ လေးသိန်းကျော် ထည့်သွင်းထားကြောင်း ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ ရှေ့ပြေးလူဦးရေစာရင်းအရ သိရပါတယ်။ စစ်ကောင်စီထုတ်ပြန်တဲ့ ရှေ့ပြေးလူဦးရေ စာရင်းအရ ပြည်နယ်အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူနိုင်တဲ့ လူဦးရေ ၁၂ သိန်း ၈…

ဂျယ်ဂျူး လေယာဉ်ပျက်ကျမှု မူအန်လေဆိပ်ကို တောင်ကိုရီးယားရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

ဆိုးလ်၊ ဇန်နဝါရီ ၂ ယာဉ်ပေါ်ပါသူ ၁၇၉ ဦး သေဆုံးခဲ့တဲ့ ဘိုင်းရင်း ၇၃၇-၈၀၀ အမျိုးအစား လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ ဂျယ်ဂျူးလေကြောင်းလိုင်းရုံးခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းမှာ တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပါတယ်။ အဲဒီ ဂျယ်ဂျူး လေကြောင်းလိုင်းခရီးစဉ် အမှတ် ၂၂၁၆ လေယာဉ်ဟာ ဒီဇင်ဘာ ၂၉ ရက်မှာ…

မြန်မာနယ်စပ်မှာ အိန္ဒိယဘက်က ၉ ကီလိုမီတာ အရှည်ရှိ ခြံစည်းရိုး ကာရန်မှု ပြီးစီး

နယူးဒေလီ၊ ဇန်နဝါရီ ၂ အိန္ဒိယ-မြန်မာ နယ်စပ်ရှိ မဏိပူရပြည်နယ် မိုရေးမြို့မှာ ၉ ဒသမ ၂၁၄ ကီလိုမီတာ ရှည်တဲ့ ခြံစည်းရိုး တည်ဆောက်ရေး စီမံကိန်း ပြီးဆုံးပြီ ဖြစ်ကြောင်း၊ ခြံစည်းရိုးနဲ့အပြိုင် ဖောက်လုပ်နေတဲ့ လမ်းအခြေအနေလည်း တိုးတက်မှု ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ အဲဒီ ခြံစည်းရိုး တည်ဆောက်ရေး…

စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရသူ နှစ်သောင်းကျော်ရှိတယ်လို့ NUG ပြော

မော်လမြိုင်၊ ဇန်နဝါရီ ၂ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁၁၆၀ မှုရှိခဲ့ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၂၂,၇၆၅ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီအချက်အလက်တွေဟာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ပေးပို့တိုင်ကြားလာတဲ့ အ ချက်အလက်တွေကို စနစ်တကျ ကောက်ယူပြုစုထားတာ…

ကျိုက်ထိုလက်ပံပင်သုသာန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ကျိုက်ထို၊ ဇန်နဝါရီ ၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပံပင်ကျေးရွာအနီး သုသာန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ဇန်နဝါရီ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ တပ်အင်အား ၄၀ ကျော်နဲ့ တပ်စွဲထားတဲ့ လက်ပံပင်သုသာန်ဂိတ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၄…

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဖိအားပေးဖို့ AAPP တောင်းဆို

မော်လမြိုင်၊ ဇန်နဝါရီ ၂ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ထိရောက်တဲ့ဖိအားတွေပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအ သင်း AAPP က ဇန်နဝါရီ ၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ “သံတိုင်နောက်က ဘဝများ”အမည်နဲ့ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း နိုင်ငံရေးအရ ဖမ်းဆီးခံရသူ…

စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်း ရိက္ခာပြတ်လပ်

ကော့ကရိတ်၊ ဇန်နဝါရီ ၂ စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းဟာ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဉ်နဲ့အမျှ ထိခိုက်သေဆုံးမှုတွေရှိနေပြီး ရိက္ခာတွေလည်း ပြတ်လပ်နေတယ်လို့ KNU တပ်မဟာ ၆ က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာလည်း KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက…

စစ်ရှုံးမှုကို တိုင်းရင်းသားခေါင်းဆောင်တွေအပေါ် စစ်ခေါင်း ဆောင်အပြစ်တင်

နေပြည်တော် ၊ ဇန်နဝါရီ ၂ တပ်စခန်းတွေနဲ့ စိုးမိုးနယ်မြေတွေ လျော့ကျလာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကို အပြစ်တင်ပြီး ဟန်ကိုယ့်ဖို့ လုပ်နေရပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တချို့ဟာ ဖက်ဒရယ်အခွင့်အရေး တိုင်းရင်းသားအခွင့်အရေးလို့ ပြောနေပေမယ့် ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်‌ထောင်စုပြိုကွဲအောင် ဦးတည်နေကြတာလို့ စစ်ခေါင်းဆောင်က စွပ်စွဲလာတာပါ။ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး…