တနင်္သာရီမှာ စစ်တပ်ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် အရပ် သားနှစ်ဦးဒဏ်ရာရ
တနင်္သာရီ၊ နိုဝင်ဘာ ၂၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ဗုံးချတိုက် ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ နိုဝင်ဘာ ၂၆ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ မော်တုန်းကျေးရွာအုပ်စုရှိ ကတော့ကမ်းကျေးရွာ ဘုန်း ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာပါ။…