ထီးလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၈ ဦး ဒဏ်ရာရ
မကွေး အောက်တိုဘာ ၂၃ မကွေးတိုင်း ထီးလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၂၂ ရက်မှာ ထီးလင်းမြို့နယ် အိုင်းမရွာနဲ့ ချောင်းပေါက်လမ်းဆုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ “တစ်ဦးသေတယ်။ ရှစ်ဦးဒဏ်ရာရတယ်။ တိုက်ပွဲမရှိဘဲနဲ့…