မော်လမြိုင် ၊ ဒီဇင်ဘာ ၂၉

ဆွေးနွေးရေးနည်းလမ်းနဲ့ မွန်အခွင့်အရေး ရမှာမဟုတ်ဘဲ စစ်အာဏာရှင်တွေကို တိုက်ဖျက်နိုင်မှ မွန်အခွင့်အရေး မွန်ပြည်ရမယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ခေါင်း‌ ဆောင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၃ ကြိမ်မြောက် မွန်လူငယ်နေ့ အထိမ်းအမှတ်အတွက် မွန်ဘာသာနဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ NMSP AD ခေါင်းဆောင် နိုင်ဇေယျက အသိပေးတိုက်တွန်းလာတာပါ။

မိမိတို့လူမျိုး မလွတ်မြောက်သေးခင်မှာ တော်လှန်သတိ၊ တော်လှန်သတ္တိ၊ တော်လှန်အမြင်တွေ မပစ်ပယ်ကြဖို့နဲ့ မွန်လူငယ်တွေ တာဝန်သိစိတ် တာဝန်ယူစိတ်နဲ့ တော်လှန်ရေးတာဝန် ထမ်းဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

နိုင်ငံရေးအခြေအနေဟာ လူငယ်တွေရဲ့ အားနဲ့ သူ့လူမျိုးနဲ့သူ နယ်မြေတွေ သိမ်းပိုက်လာတာ၊ ဩဇာ အာဏာချဲ့ထွင်လာနိုင်တာ၊ တိုင်းစစ်ဌာနချုပ် ၂ ခု တော်လှန်ရေးအဖွဲ့တွေ လက်ထဲကျဆုံးခဲ့ရတာကို မိမိတို့ မွန်လူငယ်တွေလည်း မျက်မြင်တွေ့ရှိပြီလို့ ဆိုပါတယ်။

ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းမြောက်တို့မှာ လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက မြို့တွေအ များအပြား သိမ်းပိုက်လာနိုင်ခဲ့ကြတဲ့အတွက် မိမိတို့ မွန်လူငယ်တွေလည်း တော်လှန်ရေးအပေါ် အာရုံစိုက်သင့်တယ်လို့ မြင်မိကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

မိမိတို့ မွန်လူမျိုးကိုကြည့်ရင် လူငယ်တွေအများအပြားရှိပေမယ့် အမျိုးသားကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်သူ အလွန်နည်းပါးတာတွေ့ရပြီး အခုနှစ်မွန်လူငယ်တွေရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “မွန်လူငယ်က မွန်အင်အား”ဆိုတဲ့ ကြွေးကြော်သံဟာ လက်ရှိကာလနဲ့ကိုက်ညီတယ်လို့ နိုင်ဇေယျက ဆိုပါတယ်။

ဒါကြောင့် မွန်တွေရဲ့ အနာဂတ်မွန်ကံကြမ္မာဟာ လူငယ်တွေရဲ့ လက်ထဲမှာရှိတဲ့အတွက် နိုင်ငံရေးအ ချိုးအကွေ့မှာ မွန်လူငယ်တွေအားလုံး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးမှာ အင် အားတစုတည်းဖြစ်ဖို့ အလွန်အရေးကြီးတယ်လို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.