December 18, 2024

စစ်ကောင်စီ စစ်ကြောင်းကြောင့် စလင်းမြို့နယ်က လူဦးရေ ၆၀၀၀ နီးပါး စစ်ဘေးရှောင်နေရ

မကွေး ဒီဇင်ဘာ ၁၈ မကွေးတိုင်း စလင်းမြို့နယ် ကျေးရွာ ၈ ရွာက လူဦးရေ ၆၀၀၀ နီးပါးဟာ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဆိပ်​ဖြူမြို့ဘက်ကလာတဲ့ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် စမ်းက​လေး၊ ဒီးဒုတ်ပင်အပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံတွေ စစ်ဘေးရှောင်နေရတာပါ။ “ဆိပ်ဖြူကနေလာတဲ့ စ​စ်ကြောင်း ဆီဆွဲလမ်းခွဲ​ကနေဝင်လာတာ။ပထမနေ့လမ်းကြောင်းမှာ မိုင်းဆွဲခံရတယ်။…

ထရန့်ရဲ့ ခြိမ်းခြောက်မှုကြောင့် ကနေဒါက နယ်စပ်ဥပဒေအသစ် ပြဌာန်း

အိုတာဝါ၊ ဒီဇင်ဘာ ၁၈ စောင့်ကြည့် ထောက်လှမ်းမှု အားကောင်းစေရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ပစ်မှတ်ထား တိုက်ဖျက်ရေး ပူးပေါင်းတပ်ဖွဲ့ အပါအဝင် ကနေဒါအစိုးရက အမေရိကန်-ကနေဒါ နယ်စပ်တစ်လျှောက် လုံခြုံရေး အစီအစဉ်အသစ် တော်တော်များများကို အကောင်အထည်ဖော်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ မူးယစ်ဆေးဝါး ဝင်ရောက်မှု တားဆီးရေး နှစ်နိုင်ငံနယ်စပ်ကို လုံခြုံအောင် မလုပ်ဘူးဆိုရင် ကနေဒါကနေ တင်ပို့တဲ့…

အင်ဒိုနီးရှား ဗဟိုဘဏ်ရုံးကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ စီးနင်းရှာဖွေ

ဂျာကာတာ၊ ဒီဇင်ဘာ ၁၈ လုပ်ငန်းစု လူမှုရေး တာဝန်စီမံကိန်းကို လွဲမှားစွာ ကိုင်တွယ်မှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ဆက်စပ်ပြီး ဂျကာတာမြို့မှာရှိတဲ့ အင်ဒိုနီးရှား ဗဟိုဘဏ်ရုံးချုပ်ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက ဒီဇင်ဘာ ၁၆ ရက်မှာ ဝင်ရောက်စီးနင်း ရှာဖွေခဲ့တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ပယ်ရီ ဝါဂျီယိုရဲ့ ရုံးလည်း စီးနင်းခံရတဲ့အထဲ…

ဖြတ်တောက်ပိတ်ဆို့မှုတွေခံနေရတဲ့ တနင်္သာရီဒေသမှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲဖြစ်နေလဲ

“စစ်ကောင်စီဘက်က မြေတွေ ပိတ်ဆို့ပြီး လမ်းတွေပိတ်ထားတော့ ဒီရွာမှာ စာသင်ကြားနေတဲ့ ကလေးတွေဆို ကျောင်းမသွားတက်နိုင် ဖြစ်နေတယ်။ ဘာလို့ဆိုရင် ဒါသူတို့က မြေဖို့ထားတဲ့ နေရာထဲမှာ မိုင်းထောင်ထားတယ်လိုလို ဟိုမြေမြုပ်မိုင်းတွေရှိသလိုလို ပေါက်ကွဲစေတက်တဲ့ ပစ္စည်းတစ်ခုခုရှိတယ်လို့ သတင်းတွေထွက်နေတော့ မိဘတွေကလည်း သူတို့ကလေးတွေကို ကျောင်းသွားမပို့ကြတော့ဘူး” – နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူ အာဏာသိမ်းကာလ လေးနှစ်နီးပါးရှိလာတဲ့အချိန်မှာ တနင်္သာရီတိုင်းထဲက မြို့နယ်တချို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်…

နှစ်ပတ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၄၃ ဦးသေဆုံး

မော်လမြိုင်၊ ဒီဇင်ဘာ ၁၈ နိုင်ငံတဝန်းမှာ အခုလနှစ်ပတ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၄၃ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၁၉ ဦးနဲ့ အမျိုးသား ၂၄ ဦး…

စစ်အာဏာသိမ်း (၁၄၁၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၆၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၁၈ AAPP ရဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၁၆) ရက်အတွင်း ပြည်သူ (၆၀၆၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၉၀၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…