အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“မွန်ပြည်နယ်မှာ အတင်းအဓမ္မ စစ်မှုထမ်းဖမ်းဆီးတာမရှိဘူး”လို့ စစ်ကောင်စီတပ်က လိမ်လည်ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီဇင်ဘာ ၆ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မွန်ပြည်နယ်မှာ စစ်မှုထမ်းရရှိရေးအတွက် စစ်ကောင်စီတပ်က နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေတယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အခုရက်ပိုင်းအတွင်း ဒေသန္တရအမိန့် ဖောက်ဖျက်သူတွေကို ဖမ်းဆီးဖို့ ညွှန်ကြားပြီးနောက် မွန် ပြည်နယ်မှာ စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရသူ ၅၀ ထက်မနည်းရှိနေတယ်လို့ DVB သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ်မှာလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၇ အတွက် ဒေသတွင်းရှိ လူငယ် ၂၀ ထက်မနည်း အတင်းအဓမ္မ ဖမ်းဆီးစစ်သားစုဆောင်းခံထားရတယ်လို့ ဒေသခံတွေအပါအဝင် စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေဟာ အခုရက်ပိုင်းအတွင်း စစ်မှုထမ်းသင်တန်းအတွက် ဒေသခံလူငယ်တွေကို ညအချိန်တွေမှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာ၊ ပွဲလမ်းသဘင်တွေမှာလည်း ဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေပါတယ်။

သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြထားတဲ့သတင်းလင့်

https://www.facebook.com/story.php?story_fbid=626536259937184&id=100077424451291&rdid=31XNqpPaQurIe0pB

DVB သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/share/p/17vAAtacZU

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.