အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ LGBT တစ်ဦးကို ရက္ခိုင့်တပ်တော် AA က ပေါ်တာဆွဲပြီး ထွက်ပြေးလို့ဆိုကာ ပစ်သတ်ခဲ့တယ်”လို့ စစ်ကောင်စီဘက်က သတင်းမှားဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင် ဘာ၂၈ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့နေ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တစ်ဦး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော် ပြထားပါတယ်။

သေဆုံးသွားသူမှာ ကိုအောင်မြင့်အေး ခေါ် မိုးဟေကို ဖြစ်ပြီး အသက် ၄၀ အရွယ်ရှိကြောင်းနဲ့ တိုက် ပွဲကြားထဲ ပိတ်မိနေစဉ် ဗုံးစထိမှန်ပြီး သေဆုံးသွားရတာဖြစ်တယ်လို့ တောင်ကုတ်မြို့ခံတွေက Western News သတင်းဌာနကို ပြောထားပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့က တောင်ကုတ်မြို့ အမ်းလမ်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးလာကြဲသွားတာကြောင့် LGBT တစ်ဦးဖြစ်တဲ့ ကိုအောင်မြင့်အေး ခေါ် မိုးဟေကို ဗုံးစထိပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တောင်ကုတ်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၅ ၊ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တပ်ရင်းတို့ရှိပြီး အဲဒီတပ်စခန်းတွေကနေ နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး လေ ကြောင်းကနေလည်း တိုက်ခိုက်မှုလုပ်ဆောင်နေတယ်လို့ People’s Spring သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Western Newsကဖော်ပြထားတဲ့သတင်းလင့်

People’s Spring သတင်းဌာနကဖော်ပြထားတဲ့လင့်

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.