အမှန်/အမှား
+++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လုပ်ဆောင်တာ”ဆိုပြီး စစ်ကောင်စီဘက်က သတင်းမှားဖြန့်ချီနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာအပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ၂၈ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စ တင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို လက် နက်ကြီး ၁၈ လုံး၊ ဒရုန်းနဲ့ အကြိမ် ၂၀ ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူလူထုတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သက်ကြီးအဘိုးအိုသုံးဦး၊ အဘွားအိုတစ်ဦးနဲ့ အသက် ၅၅ နှစ်နဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People’s Spring သ တင်းဌာနက ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်က ရေတွင်းကုန်းရွာ၊ အလယ်ကျွန်းရွာတို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ကညင်ကြိုး၊ ကျောင်းကုန်းနဲ့နံဇရွာကျေး ရွာတွေကို ဒရုန်းနဲ့ပစ်ခတ်မှုကြောင့် ကညှင်ကြိုးကျေးရွာနေ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်စန်းဝင်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ကျောက်ကြီးမြို့နယ်မှာလည်း ကျောင်းတက်နေချိန် စာသင်ကျောင်းသို့ ဒရုန်းဗုံးကြဲခံရတာကြောင့် အသက် ၁၀နှစ်အရွယ် ကျောင်းသူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KICသတင်းဌာနမှာ ဖော်ပြထားပါတယ်။
KNU ထုတ်ပြန်ချက်
People’s Springကဖော်ပြထားတဲ့သတင်းလင့်
KICသတင်းဌာနကဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်