အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ပုလောဒေသခံ ရွာသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ သတ် ဖြတ်ခဲ့တာ”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှားကို ဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ၂၆ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ တနင်္သာရီတိုင်း ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်သွားကြောင်း ဒေသ ခံပြည်သူတွေက လွတ်လပ်သောသတင်းဌာနတွေကို ပြောကြားထားပါတယ်။

စစ်ကောင်စီတပ် သတ်ဖြတ်သွားတဲ့ အရပ်သားကို ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ရဲဘော်တွေက နိုဝင်ဘာ ၂၃ ရက်မှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် သတ်ဖြတ်မြေမြှုပ်ခံထားရတဲ့ ရုပ်အလောင်းအား တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်သွားတဲ့ ဒေသခံအမျိုးသားကို လက်ပြန်ကြိုးတုပ်ပြီး မှောက်လျှက်အနေအထားနဲ့ မြေကျင်းတစ်ခုမှာ မြှုပ်နှံထားခဲ့တယ်လို့ သိရပါတယ်။

The Tanintharyi Times သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=591185149965905&id=100072232759534&rdid=I5QT0CMB3O9a9voV

People’s Springကဖော်ပြထားတဲ့ ရုပ်သံသတင်း

https://www.facebook.com/story.php?story_fbid=903734765158650&id=100065664033865&rdid=i3118CN6WFEQKYuD

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.