November 1, 2024

ထားဝယ် မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့

ထားဝယ်၊ နိုဝင်ဘာ ၂ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ နေအိမ်တွေကို အောက်တိုဘာ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှိုးဖျက်ဆီးတာတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က မောင်မယ်ရှောင်ကျေးရွာထဲတပ်စွဲပြီး ကတုတ်ကျင်းတွေတူး ခံစစ်ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ…

ကျိုက်ထိုမှာ တိုက်ပွဲပြင်းထန်နေ

ကျိုက်ထို၊ နိုဝင်ဘာ ၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်း ထန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုတွေ လှုပ် ရှားနေတဲ့ ကျိုက်ထိုမြို့နယ် ကျောက်ပုံ၊ မဲရုံကြီးနဲ့ မိုးဘောနတ်စင်ကျေးရွာတွေထဲ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။…

လုပ်ကြံခံရမှာ စိုးရိမ်မှုကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လုံခြုံရေး တိုးမြှင့်

ဆိုးလ်၊ နိုဝင်ဘာ ၁ လုပ်ကြံသတ်ဖြတ်ခံရမှာ စိုးရိမ်တာကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ လုံခြုံရေးကို တိုးမြှင့်ထားကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက လွှတ်တော်အမတ်တွေကို အသိပေးထားပါတယ်။ ဒီလို လုံခြုံရေးအဆင့် တိုးမြှင့်ရာမှာ ဆက်သွယ်ရေး လိုင်းဖြတ်တောက်တဲ့ ဂျမ်မာတွေ၊ ဒရုန်း စစ်ဆေးရေးစနစ်တွေ ပါဝင်တယ်လို့ တောင်ကိုရီးယားသတင်းဌာန Yonhap က အောက်တိုဘာ ၃၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။…

ထိုင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ဆုံးဖြတ်ချက် ဝေဖန်မှုတွေ ရှိနေ

ဘန်ကောက်၊ နိုဝင်ဘာ ၁ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ လူနည်းစုဝင် တိုင်းရင်းသားတွေကို နိုင်ငံသား ဖြစ်ခွင့်ပြုမယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ထိုင်းအစိုးရက ကာကွယ်ပြောဆိုပြီး အဲဒီ မူဝါဒဟာ ဥပဒေနဲ့ညီညွတ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းမှာ ကြာမြင့်စွာနေထိုင်ခဲ့သူ ဒါမှမဟုတ် ထိုင်းမှာ မွေးဖွားတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄၈၃,၀၀၀ ကျော်ကို နိုင်ငံသား ဖြစ်ခွင့်ပေးရေး ဝန်ကြီးများအဖွဲ့က အောက်တိုဘာ…

TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ ဗုံးကြဲခံရပြန်

ကွတ်ခိုင်၊ နိုဝင်ဘာ ၁ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်သွားတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ ကွတ်ခိုင်မြို့ကို ဒီကနေ့ နိုဝင်ဘာ ၁ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီမှ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံး ၈ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာပါ။ ဗုံးကြဲမှုကြောင့်…

ငါန်းဇွန်မြို့နယ်က ကျေးရွာခြောက်ရွာမီးရှို့တာ PDF လုပ်တာလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “စစ်ကောင်စီတပ်သားတွေက ငါန်းဇွန်မြို့နယ်ရှိ ရဲပဒိုင်းကျေးရွာအပါအဝင် ကျေး ရွာခြောက်ရွာကို ဝင်ရောက်မီးရှို့ပြီး နေအိမ်တွေ ဖောက်ထွင်းခိုးယူတာ PDF တွေ လုပ်တာ”ဆိုပြီး စစ်ကောင်စီဘက်က လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ…

နွားထိုးကြီးမှာ လင်မယားနှစ်ဦးသေဆုံးတာ PDF ပစ်ခတ်မှုကြောင့် စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“နွားထိုးကြီးမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံလင်မ ယားနှစ်ဦး သေဆုံးခဲ့တဲ့သတင်းကို PDF ပစ်ခတ်တာ”ဆိုပြီး စစ်ကောင်စီဘက်က လုပ်ကြံဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာအပါအဝင်…