အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲလိုက်တာကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ AA တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးတယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက သတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ လက်အောက်ခံ Min Chit Oo ၊ဟန်ငြိမ်းဦးစတဲ့ တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ စက်တင်ဘာ ၁၀ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် လေးမိုင်အခြေစိုက် အမှတ် (၂) နယ်ခြားစောင့်တပ်ခွဲ (နခခ-၂) မှာ ရှိတဲ့ အာရက္ခတပ်တော် AA ရဲ့ အကျဉ်းစခန်းကို စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းတွေနဲ့ ဖမ်းဆီးထားသူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း လွတ်လပ်သော သတင်းဌာနတွေမှာ ရေးသားထားပါတယ်။

အဲဒီအကျဉ်းစခန်းမှာ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ၊ ARSA /RSO တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်တွေ၊ စစ်ကောင်စီ လက်ကိုင်တုတ်တွေ၊ သတင်းပေးတွေ၊ ၊ ALP နဲ့ ဆက်စပ်နေတဲ့သူတွေ၊ သံသယအမျိုးမျိုးနဲ့ စစ် ဆေးမေးမြန်းဖို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေ ဖြစ်တယ်လို့ Myanmar now သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနမှာတော့ သေဆုံးသွားသူတွေအထဲမှာ ဆေးဝါးကုသဖို့ လိုအပ်နေတဲ့ စစ်သုံ့ပန်းတွေ၊ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျခံရသူတွေ ကျန်းမာရေးဝန် ထမ်းတွေ ၊ အရပ်သားတွေနဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်လင့်

https://t.me/aainfodesk/1073?single

Myanmar now သတင်းဌာနကဖော်ပြထားတဲ့လင့်

Narinjara သတင်းဌာနကဖော်ပြထားတဲ့လင့်

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.