September 16, 2024

တရုတ်ရဲ့ ချစ်ကြည်ရေးမူဝါဒ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူတယ်လို့ ထုတ်ပြန်

ရန်ကုန် ၊ စက်တင်ဘာ ၁၆ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူတယ်လို့ ရန်ကုန်အခြေစိုက် တရုတ်သံရုံးရဲ့ Facebook လူမှုကွန်ရက်ကနေ စက်တင်ဘာ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ မကြာသေးမီက မီဒီယာတချို့နဲ့ ပုဂ္ဂိုလ်တွေက တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်နေတယ်လို့ အကြောင်းမဲ့ အပြစ်တင်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရသူက သဘောထား…

ရေတာရှည်မှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ PDF ရဲဘော်တစ်ဦး ကျဆုံး

ရေတာရှည်၊ စက်တင်ဘာ ၁၆ ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ ရေဘေးဒဏ်ကြုံတွေ့ ခံစားနေရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရေတာရှည်မြို့နယ်မှာ ရေဘေးဒဏ်ကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရင်း စက်တင်ဘာ ၁၃ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး…