September 3, 2024

စစ်အာဏာသိမ်း (၁၃၁၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၉၉) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၄ AAPP ရဲ့ စက်တင်ဘာ ၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၁၁) ရက်အတွင်း ပြည်သူ (၅၅၉၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၀၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၇၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စက်သုံးဆီတွေကို စမတ်ကတ်ပါမှ ရောင်းချဖို့ စစ်ကောင်စီ စီစဉ်

မော်လမြိုင် ၊ စက်တင်ဘာ ၄ နိုင်ငံတဝန်းမှာ စက်သုံးဆီပြတ်လပ်မှုတွေ မကြာခဏဖြစ်ပေါ်နေတဲ့အတွက် စက်သုံးဆီတွေကို စမတ်ကတ်ပါမှ ရောင်းချရမယ့်စနစ်ကျင့်သုံးဖို့ စစ်ကောင်စီ စီစဉ်နေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တစ်ရက်တစ်ကြိမ်သာ စက်သုံးဆီဝယ်ယူခွင့်အပါအဝင် အကန့်အသတ်နဲ့သာရောင်းရမယ့် စမတ်ကတ်စနစ်ကျင့်သုံးဖို့ စစ်ကောင်စီနဲ့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေအကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာပါ။ စစ်ကောင်စီဟာ ဒေါ်လာလိုအပ်ချက်မြင့်မားပြီး စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးသူတွေကို ဒေါ်လာ လိုသလောက်…

ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့ကြေညာမှု စစ်တံခါးဖွင့်လိုက်တာလို့ အကဲခတ်တွေသုံးသပ်

နေပြည်တော် ၊ စက်တင်ဘာ ၄ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA နဲ့ ရခိုင်အဖွဲ့ AA တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီကြေညာမှုဟာ စစ်တံခါးဖွင့်လိုက်တာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ်…

ပေါင်မှာ လူငယ်လေးဦး ပစ်ခတ်ဖမ်းဆီးခံရ

ပေါင်၊ စက်တင်ဘာ ၄ မွန်ပြည်နယ် ပေါင်မြို့နယ် သဗြုချောင်ကျေးရွာဈေးအနီးမှာ အရက်ထိုင်သောက်နေတဲ့ လူငယ်လေးဦးကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ် ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ သဗြုချောင်ကျေးရွာ ဈေးအရှေ့လမ်းပေါ်မှာ လူငယ် ၁၀ ဦး အရက်ထိုင်သောက်နေစဉ် စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ ရောက်ရှိလာတာကြောင့် လူငယ်တချို့…

မကွေးတိုင်းက မြို့နယ်တချို့မှာ စစ်မှုထမ်း ထောက်ပံ့ကြေး တိုးကောက်နေ

မကွေး စက်တင်ဘာ ၃ မကွေးတိုင်းက မြို့နယ်တချို့မှာ စစ်မှုထမ်း ထောက်ပံ့ကြေးအတွက်​​ ပိုက်ဆံ တိုးကောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်မှုထမ်း အပတ်စဉ် ၂ အတွက်ထောက်ပံ့ကြေးတွေကို မဲနှိုက်စဉ်က ကျပ် သုံးသောင်း လို့ပြောထားပေမယ့် လက်တွေ့မှာတော့ ကျပ် ငါးသောင်းအထိ တိုးကောက်နေတာပါ။ “အုပ်ချုပ်ရေးမှူးတွေက လူမပေးနိုင်တော့ ငွေပေးရမယ်ပြောတယ်။ စစ်တပ်နဲ့ လာတော့ အုပ်ချုပ်ရေးမှူးတွေက သုံးသောင်း၊ အခု…

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ပတ်သက်လို့ ပြည်သူတွေအနေနဲ့ဘာတွေ ပြင်ဆင်ထားသင့်လဲ။

“စစ်ကောင်စီဟာ လက်ရှိမှာ စက္ကူကျားသဘောဖြစ်သွားပြီ။ သီအိုရီအရ ကျဆုံးဖို့နီးသွားပြီ။ ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့က ကျားဖြစ်နေသေးတယ်။ ဆိုတော့ ပြည်သူကို ကိုက်နိုင်သေးတယ်။ ဒုက္ခပေးနိုင်သေးတယ်။ ဒါပေမဲ့ ကျဆုံးဖို့ မကြာတော့ဘူးဆိုတော့ တောင့်ခံထားဖို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်” – နိုင်ဒင်းပလဟံသာ (မွန်ပြည်ဖက်ဒရယ်ကောင်စီ) မကြာသေးခင်က စစ်ကောင်စီ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့နဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ လုံးဝမပါဝင် မပတ်သက်ဖို့…

ဓားစာခံတွေ သေဆုံးမှုအတွက် ခွင့်လွှတ်ပေးကြဖို့ အစ္စရေးဝန်ကြီးချုပ် တောင်းပန်

ဂျေရုစလင်၊ စက်တင်ဘာ ၃ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရယူဘူးဆိုရင် ဓားစာခံတွေ နောက်ထပ် ဆုံးရှုံးရဖို့ ရှိနေတယ်လို့ ဟားမာ့စ်အဖွဲ့က သတိပေးထားချိန်မှာ သေဆုံးသွားတဲ့ ဓားစာခံတွေအတွက် ခွင့်လွှတ်ပေးကြဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက တောင်းပန်လိုက်ပါတယ်၊ ဓားစာခံတွေ ပြန်လွည် လွတ်မြောက်ရေး ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြပွဲတွေ ဒုတိယမြောက်နေ့ကို ဝင်ရောက်လာချိန်မှာ…

ပူတင်ကို ဖမ်းဆီးဖို့ မွန်ဂိုလီးယားကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

ယူလန်ဘာတာ၊ စက်တင်ဘာ ၄ မွန်ဂိုလီးယားအနေနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြည်ဝင်ခွင့် ပိတ်ရင်ပိတ် မပိတ်ရင် ဖမ်းဆီးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းကြောင်း အဲဒီအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းရဲ့ တရားရေးဌာန အကြီးတန်းအရာရှိ မာရီယာ အီလန်နာ ဗီဂနိုလီက စက်တင်ဘာ ၂ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့…

သံဖြူဇရပ်မှာ နှစ်ပတ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားငါးဦးဒဏ်ရာရ

သံဖြူဇရပ်၊ စက်တင်ဘာ ၃ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲမှာ နှစ်ပတ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ နှစ်ပတ်အတွင်း သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာနဲ့ အောင်သာယာကျေးရွာတို့မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူတွေ ထိ ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မြေမြှုပ်မိုင်းကြောင့် ရဲတံခွန်ကျေးရွာက ဒေသခံအမျိုးသားသုံးဦး၊…

လမိုင်းမြို့က ယုဇနစိန်ရွှေရတနာဆိုင် သေနတ်ပြလုယက်ခံရ

ရေး၊ စက်တင်ဘာ ၃ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ ရှင်စောပုဈေးရှိ ယုဇနအာမခံစိန်ရွှေရတနာဆိုင်မှာ အမျိုးသားနှစ်ဦးက သေနတ်ပြလုယက်သွားတယ်လို့ ရွှေဆိုင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ် ။ ဒီနေ့ စက်တင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရွှေရောင်းချဖို့ ရွှေဆိုင်ခင်းနေစဉ် သေနတ်ပြပြီး နားကပ်ထည့်ထားတဲ့ပုံးကို လုယူထွက်ပြေးသွားတာပါ။ လုယူထွက်ပြေးသွားတဲ့ သေနတ်သမားတွေကို ဈေးသူဈေးသားတွေက ဖမ်းဆီးဖို့ကြိုးပမ်းစဉ်…