August 2, 2024

စစ်အာဏာသိမ်း (၁၂၇၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၇၂) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၃ AAPP ရဲ့ သြဂုတ် ၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၇၉) ရက်အတွင်း ပြည်သူ (၅၄၇၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၁၄၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၀၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

တိုင်းပြည်အကျပ်အတည်းကြား ပြည်သူလူထုဘဝ ပိုမိုခက်ခဲလာနိုင်

မော်လမြိုင် ၊ ဩဂုတ် ၃ စစ်အာဏာသိမ်းမှုကြောင့် ကဏ္ဍပေါင်းစုံ ဆုတ်ကပ်ဆိုက်လာနေတဲ့ တိုင်းပြည်အကြပ်အတည်းတွေကြား ပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဆိုးသထက် ဆိုးရွားလာနိုင်တယ်လို့ လူထုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေမှာ အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ ဆက်တိုက်ယိုယွင်းကျဆင်းလာလို ပြည်တွင်းစစ်မီးကလည်း ပိုမိုတောက်လောင်လာနေတာပါ။ ဒါကို အခွင့်အကောင်းယူပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး၊…

ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲမယ်

မော်လမြိုင်၊ ဩဂုတ် ၃ ပဲခူးတိုင်း ရေကြီးမှုကြောင့် ယာယီရပ်နားထားတဲ့ ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ်တွေကို ဩ ဂုတ် ၃ ရက်နေ့ ကစပြီး ပြန်လည်ပြေးဆွဲသွားမယ်လို့ မော်လမြိုင်ဘူတာကြီး ရထားတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးအပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြို့အပါအဝင် ပဲခူးဘူတာဝင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားပြီး ရထားလမ်းပေါ် ရေကျော်ခဲ့တဲ့အတွက် ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ်တွေကို ဇူလိုင်…

ဇူလိုင်လအတွင်း စစ်ကောင်စီကြောင့် အရပ်သား ၈၀ ကျော် သေဆုံး

မော်လမြိုင်၊ သြဂုတ် ၃ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ဇူလိုင်လ တစ်လအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၈၄ ဦး သေဆုံးပြီး အဲဒီထဲမှာသတ်ဖြတ်ခံရသူ ၁၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူ ညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ပါတယ်။ အရပ်သားသေဆုံးမှုဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒုတိယအများဆုံး…

မိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ TNLA ထုတ်ပြ

မိုးမိတ်၊ ဩဂုတ် ၂ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ဟောင်ဝှစ်ဇာ လက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ အလက် ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မိုးမိတ်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကစပြီး စတင်တိုက်ခိုက်ခဲ့ရာ အမှတ်…

ထိုင်းနိုင်ငံ မတည်မငြိမ် ဖြစ်လာနိုင်တယ်လို့ Move Forward ပါတီ ခေါင်းဆောင်ဟောင်း ဖိထာ သတိပေး

ဘန်ကောက်၊ သြဂုတ် ၂ ထိုင်းနိုင်ငံရဲ့ အဓိက အတိုက်အခံ Move Forward ပါတီ ဖျက်သိမ်း ရဖွယ်ရှိပြီး လက်ရှိဝန်ကြီးချုပ် ထုတ်ပယ်ခံရနိုင်တဲ့ အခုလ တရားရုံး ဆုံးဖြတ်ချက်တွေကြောင့် စီးပွားရေး မတည်မငြိမ် ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ ပါတီ ခေါင်းဆောင်ဟောင်း ဖိထာ လင်ဂျာရိုအန်ရတ်က သတိပေးလိုက်ပါတယ်။ ဘုရင့်နန်းတော် အသရေဖျက်မှုဆိုင်ရာ ဥပဒေ ပြင်ဆင်ရေး…

ဘင်္ဂလားဒေ့ချ်မှာ ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေ ပြန်လွတ်လာ

ဒါကာ၊ သြဂုတ် ၂ နိုင်ငံတဝန်း လူသေဆုံးမှုရှိခဲ့ပြီး မငြိမ်သက်မှုတွေ ဖြစ်ပွားစေခဲ့တဲ့ အစိုးရအလုပ် အချိုးကျခွဲဝေရေး အစီအစဉ်ကို ဆန့်ကျင် ဆန္ဒပြသူ ကျောင်သားခေါင်းဆောင် ခြောက်ဦးကို သြဂုတ် ၁ ရက်မှာ ဘင်္ဂလားဒေ့ချ် ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ အစိုးရက တင်းမာမှု လျှော့ချဖို့နဲ့ နောက်ထပ် ဆန္ဒပြပွဲတွေ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ဖို့ ကြိုးပမ်းနေချိန်မှာ ကျောင်းသားခေါင်းဆောင်တွေကို ပြန်လွှတ်ပေးခဲ့တာ…

စစ်ကောင်စီက ၃ လအတွင်း အွန်လိုင်းဖိနှိပ်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ဟုဆို

မော်လမြိုင်၊ ဩဂုတ် ၂ အာဏာသိမ်းကာလ ၃ နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီးတဲ့နောက် စစ်ရေးအရ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ သတင်းမှန်တွေနဲ့ သူတို့ရဲ့ ရှုံးနိမ့်မှုတွေကို ဖုံးကွယ်ထားဖို့ ပြီးခဲ့တဲ့ မေ၊ ဇွန်၊ ဇူလိုင် ၃ လအတွင်းမှာ အွန်လိုင်းဖိနှိပ်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့တဲ့အကြောင်း မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ မြန်မာအင်တာနက်ပရောဂျက်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊…

ရန်ကုန်-မော်လမြိုင်လမ်းပေါ်က တံတားတစ်စင်း မိုင်းခွဲခံရ

သထုံ၊ ဩဂုတ် ၂ မွန်ပြည်နယ် သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က တံတားတစ်စင်းဟာ ဒီနေ့ ဩဂုတ် ၂ ရက်နေ့ မနက်အစောပိုင်းမှာ မိုင်းခွဲခံရတာ‌‌ကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃/၆ နဲ့ ၁၃၃/၇ ကြားရှိ အနံ ၁၂ ပေ ၊ အလျား…