July 2024

လားရှိုးမြို့မှာ လက်နက်ကြီးကျလို့ အရပ်သား ခုနှစ်ဦး သေဆုံး

လားရှိုး၊ ဇူလိုင် ၃ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ ဇူလိုင် ၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေတဲ့ လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်အနီးကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နေအိမ်အတွင်းရှိနေတဲ့ မိသားစုဝင် ခြောက်ဦးလုံး…

ယူကရိန်းစစ်ပွဲအတွက် အမေရိကန်က ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ထပ်မံကူညီမယ်

ဝါရှင်တန်၊ ဇူလိုင် ၃ ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာ အကူအညီ ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ထပ်မံပေးအပ်မယ့် အစီအစဉ်ကို မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က ဇူလိုင် ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်က ထပ်မံပေးပို့မယ့် အကူအညီတွေမှာ သံချပ်ကာ ကားဖျက် လက်နက်တွေ၊ ကြားဖြတ်ပစ်ချရေး…

အိန္ဒိယက ဟိန္ဒူဘာသာရေးအခမ်းအနားမှာ လူအုပ်တက်နင်းပြီး လူ ၁၀၀ ကျော် သေဆုံး

ဟာသရက်စ်၊ ဇူလိုင် ၃ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဘာသာရေး အခမ်းအနားတစ်ခုမှာ လူအုပ် တက်နင်းမိပြီး လူ ၁၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲမှူး ဆလာဘက် မာသာက ပြောကြားခဲ့ပါတယ်။ ဥသာပရာဒက်ချ် ပြည်နယ် ဟာသရက်စ် ဒေသမှာ ကျင်းပတဲ့ ဟိန္ဒူ ဘာသာရေး အခမ်းအနားမှာ လူအုပ်တက်နင်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့…

မတ္တရာမှာ စစ်ကူစစ်ကြောင်း ဖြတ်တောက်တိုက်ခိုက်ခံရပြီး စစ်သုံ့ပန်း ၁၆ ဦး ဖမ်းဆီးရမိ

မတ္တရာ၊ ဇူလိုင် ၃ မန္တလေးတိုင်း မတ္တရာမြို့နယ်ထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း ဖြတ်တောက်တိုက်ခိုက်ခံရပြီး စစ်သုံ့ပန်း ၁၆ ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇူလိုင် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြင်ဦးလွင်ခရိုင် ပကဖ နဲ့ မတ္တရာမြို့နယ် ပကဖ တိုက်နယ် (၃) တို့က…

ဂျိုင်းမြစ်ဝှမ်းက စစ်ဘေးသင့်ဒေသခံတွေ ယာယီနေထိုင်နိုင်ဖို့ ကျပ်သိန်းတစ်ထောင်ကျော် ထောက်ပံ့

ကျိုက်မရော ၊ ဇူလိုင် ၃ ဂျိုင်းမြစ်ဝှမ်းတိုက်ပွဲအတွင်း နေအိမ်မီးလောင်ပျက်စီးခဲ့ရတဲ့ ဒေသခံပြည်သူတွေ ယာယီနေအိမ်တွေ ပြန်လည်တည်ဆောက်ပြုပြင်နိုင်ဖို့ ကျပ်သိန်းတစ်ထောင်ကျော် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကနေ သိရပါတယ်။ အဲဒီထောက်ပံ့မှုဟာ ဇူလိုင် ၂ ရက်နေ့က ဒုတိယအကြိမ်အဖြစ် နေအိမ်မီးလောင်ခဲ့ရတဲ့ ကျိုက်မရောမြို့ နယ် ဓမ္မသကျေးရွာက နေအိမ် ၁၃၇ လုံးနဲ့ ကျွန်းကုန်းရွာက နေအိမ် ၈ လုံးတို့အတွက် တစ်အိမ်…

စစ်အာဏာသိမ်း (၁၂၄၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၅၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၃ AAPP ရဲ့ ဇူလိုင် ၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၄၈) ရက်အတွင်း ပြည်သူ (၅၃၅၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၉၅၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၈၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

အင်အားကြီး ရခိုင်အမျိုးသားပါတီရဲ့ မှတ်ပုံတင်လျှောက် ထားမှု စစ်ကောင်စီငြင်းပယ်

နေပြည်တော် ၊ ဇူလိုင် ၃ တိုင်းရင်းသားအင်အားကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီရဲ့ ပါတီဆက်လက်တည်ထောင်ခွင့်အတွက် မှတ်ပုံတင်လျှောက်ထားမှုကို စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်ပါတယ်။ စစ်ကောင်စီ ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ရခိုင်အမျိုးသားပါတီက ၂၀၂၃ ခုနှစ် မတ် ၂၀ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်က ရခိုင်အမျိုးသားပါတီကို တစ်နှစ်ကျော်ကြာတဲ့အထိ နိုင်ငံ…

စစ်ကောင်စီရဲ့ အရေးယူမှုတွေကြောင့် ဘဏ်တွေ ပြိုလဲလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေ ထောက်ပြ

မော်လမြိုင်၊ ဇူလိုင် ၃ အိမ်ရာချေးငွေတွေကို သတ်မှတ်ချက်ထက် ကျော်လွန်ပြီး ထုတ်ချေးထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဂ္ဂလိကဘဏ်တွေအပေါ် စစ်ကောင်စီရဲ့ အရေးယူမှုတွေကြောင့် ဘဏ်တွေပြိုလဲလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြပါတယ်။ စစ်ကောင်စီက ပုဂ္ဂလိကဘဏ်ခုနှစ်ခုဟာ အကျိုးအမြတ် ပိုမိုရရှိစေဖို့အတွက် ဗဟိုဘဏ်ရဲ့ ညွှန် ကြားချက်ကို ကျော်လွန်ဖောက်ဖျက်ပြီး အိမ်ရာချေးငွေ အများအပြား ထုတ်ချေးတာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အရေးယူသွားမယ်လို့ ဇူလိုင် ၁ ရက်နေ့မှာ…

ထားဝယ်အထူးစီးပွားရေးဇုန်အနီး တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုရှိ

ရေဖြူ၊ ဇူလိုင် ၃ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ လဲရှောင်ကျေးရွာအနီးမှာ ဇူလိုင် ၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု ရှိနေတယ်လို့ တော်လှန်ရေးအင်အားစု အဖွဲ့တွေထံကနေ သိရပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲကို အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လဲရှောင်ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ…

ကျောက်မဲနဲ့သီပေါမှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

ကျောက်မဲ၊ ဇူလိုင် ၃ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့တွေမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူသုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဇူလိုင် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက် ၈ က အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး…