မော်လမြိုင်၊ ဇူလိုင် ၂၉

ပဲခူးရေကြီးမှုနဲ့အတူ ပဲခူးဘူတာအတွင်းရှိ ရထားသံလမ်းပေါ် ရေကျော်နေတာကြောင့် ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ် ယာယီရပ်နားထားတယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ပါတယ်။

ပဲခူးဘူတာအတွင်းက တံတားအမှတ် ၆၀ မှာ ရထားသံလမ်းပေါ် ရေကျော်နေတာ‌ကြောင့် ရန်ကုန် – မော်လမြိုင်ရထားခရီးစဉ်‌တွေ ယာယီဖျက်သိမ်းထားတာပါ။

ဒါကြောင့် ဇူလိုင် ၂၉ ရက်နေ့ မော်လမြိုင်ဘူတာမှထွက်ခွာမယ့် မော်လမြိုင် – ရန်ကုန်ရထားခရီးစဉ်နဲ့ ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမယ့် ရန်ကုန် – မော်လမြိုင်ရထား ခရီးစဉ်တွေကို ယာယီဖျက်သိမ်းထားတယ်လို့ထုတ်ပြန်ထားပါတယ်။

ရထားခရီးစဉ် ဖျက်သိမ်းထားတာကြောင့် ပြန်လည်ပြေးဆွဲမယ့် နေ့ရက်ကို ထပ်မံထုတ်ပြန်ပေးမယ်လို့ အသိပေးထားပါတယ်။

ပဲခူးရေကြီးမှုကြောင့် လူဦးရေ သောင်းနဲ့ချီ ရေဘေးသင့်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေက ဒေသခံတွေကို အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.