လောင်းလုံး၊ ဇူလိုင် ၂၇

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာမှာ ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ် သားနှစ်ဦး ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ထံက သိရပါတယ်။

မနေ့ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းက ကျောက်နီမော်ကျေးရွာ ဘုရားတောင်မှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စစ်သားနှစ်ဦးဟာ ကျေးရွာထဲ ဈေးဝယ်ဆင်းလာစဉ် ပစ်ခတ်ခံခဲ့ရတာပါ။

ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးလုံး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး သေ နတ်နှစ်လက်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တာပါ။

စစ်ကောင်စီတပ်သား နှစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အလောင်းလာရောက်ကောက်ယူသွားပြီး ကျေးရွာအနီးပတ်ဝန်းကျင်ကိုလည်း လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF နဲ့ T1 ပူးပေါင်းတပ်ဖွဲ့ဘက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး မကြာမီတရားဝင် သတင်းထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

LLPDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်ကလည်း ကျောက်နီမော်ရွာ ပျူစောထီးဒုခေါင်းဆောင်စီးနင်းလာတဲ့ကားကို စီးနင်းတိုက်ခိုက်ခဲ့ပြီး ကားအပါအဝင် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-LLPDF

ပုံစာ- လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ တွေ့ရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.