July 1, 2024

စစ်အာဏာသိမ်း (၁၂၄၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၅၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၂ AAPP ရဲ့ ဇူလိုင် ၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၄၇) ရက်အတွင်း ပြည်သူ (၅၃၅၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၉၄၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၈၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ထားဝယ်ခရိုင်က သံဃာတော်တွေ ကံဆောင်သပိတ်မှာ ပါဝင်လာ

ထားဝယ်၊ ဇူလိုင် ၂ ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနိန္ဒာဘိဝံသကို စစ်ကောင်စီကပစ်ခတ်သတ် ဖြတ်ခဲ့တဲ့အပေါ် တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းက သံဃာတော်တွေလည်း ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ ပြီခဲ့တဲ့ ဇွန် ၃၀ ရက်နေ့ နေ့လည်ပိုင်းမှာ သံဃာတော် ၁၀ ပါးကျော်ဝန်းကျင်နဲ့ ဝန်းရံပြည်သူအချို့ပါဝင်တဲ့ ကံဆောင်သံဃာသပိတ်ကို ထားဝယ်ခရိုင်အတွင်းက သရက်ချောင်းမြို့နယ်မှာ စီးတန်းလှည့်လည်ခဲ့တာ ဖြစ်ပါတယ်။ ထားဝယ်ခရိုင်…

မွန်ပြည်နယ်မှာ ရာသီတုပ်ကွေး ကူးစက်မှု မြင့်တက်နေ

မော်လမြိုင် ၊ ဇူလိုင် ၂ မွန်ပြည်နယ်မှာ အခုနှစ်မိုးတွင်းကာလဖြစ်တဲ့ ဇွန်လကစပြီး အသက်ရှုလမ်းကြောင်းကတဆင့် ကူးစက်မှုရောဂါ ဖြစ်တဲ့ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာတယ်လို့ ဆရာဝန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရာသီတုပ်ကွေးရောဂါ ကူးစက်မှု များလာတာကြောင့် ဆေးရုံ ဆေးခန်းတွေမှာ လာရောက်ကုသသူတွေ ပိုမိုများ ပြားလာပြီး ဖြစ်ပွားသူတွေထဲမှာ ကလေးငယ်၊ သက်ကြီးပိုင်းတွေအပြင် လူလတ်ပိုင်းတွေမှာ ရောဂါကူးစက်မှု တွေ…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ ကိုရင်တစ်ပါးပျံလွန်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ကျိုက်ထို၊ ဇူလိုင် ၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရေကျော်ကျေးရွာရှိ ဓမ္မဒူတဘုန်းကြီးကျောင်းထဲ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါးပျံလွန်ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ကျိုက်ထိုအခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ရာကနေ ဓမ္မဒူတဘုန်းကြီးကျောင်း ဆွမ်းချက်အဆောင်ထဲ…

နိုင်ငံတဝန်းမှာ စစ်ကောင်စီ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁၈၅၀ ကျော် ရှိလာ

မော်လမြိုင် ၊ ဇူလိုင် ၂ စစ်အာဏာသိမ်းချိန်ကနေ အခုနှစ်ဇွန်လကုန်အထိ တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးမှာ ပုံစံမျိုးစုံနဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီး သတ်ဖြတ်ခံရသူပေါင်း ၁၈၅၀ ကျော် ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။ အာဏာသိမ်းမှုအတွင်း စစ်အုပ်စုဘက်က နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူများစွာကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးခဲ့တာလို့ ဇူလိုင် ၁…

ထားဝယ် မောင်မယ်ရှောင်ရွာမှာ စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံပြီး ၅ ဦးသေဆုံး

ထားဝယ်၊ ဇူလိုင် ၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အင်အား ၁၀၀ ဝန်းကျင်နဲ့ မောင်မယ်ရှောင်ကျေးရွာမှာ ယာယီစခန်းချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့က…

ကျိုက်ထိုမှာ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ ဇူလိုင် ၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာ ကျားတဲလမ်းဆုံအနီး ဘိလိယက်ခုံမှာ ဇူလိုင် ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၂၇ နှစ်အရွယ် ကျိုက်ပိကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ကိုလှဌေးကို အမည်မသိ သေနတ်သမားတွေက…

နိုင်ဂျီးရီးယားမှာ အသေခံဗုံးခွဲမှုကြောင့် လူ ၁၈ ဦးထက် မနည်း သေဆုံး

မိုင်ဒူဂူရီ၊ ဇူလိုင် ၁ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်မှာ အမျိုးသမီး အသေခံ ဗုံးခွဲတိုက်ခိုက်သူတွေလို့ သံသယရှိသူတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးအေဂျင်စီ အကြီးအကဲက ပြောကြားခဲ့ပါတယ်။ ဘော်နိုပြည်နယ်ဟာ လူထောင်ပေါင်းများစွာ…

ပြင်သစ် ရွေးကောက်ပွဲ ပထမအကျော့မှာ လက်ယာစွန်းပါတီ အနိုင်ရ

ပါရီ၊ ဇူလိုင် ၁ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်မှာ ကျင်းပခဲ့တဲ့ ပြင်သစ် လွှတ်တော် ရွေးကောက်ပွဲ ပထမအကျော့မှာ မာရိန်း လီပင်းရဲ့ လက်ယာစွန်း National Rally (RN) ပါတီက သမိုင်းဝင်မဲအရေအတွက်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးရလဒ်တွေဟာ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် နောက်တကျော့ ရွေးကောက်ပွဲ မတိုင်ခင် ခက်ခဲကြမ်းတမ်းလာမယ့် နေ့ရက်တွေအပေါ်မှာ…

မိုးကုတ်နဲ့ မိုးမိတ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA ပူးပေါင်းအဖွဲ့ ထပ်မံသိမ်းယူ

မိုးကုတ်၊ ဇူလိုင် ၁ မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ် မိုးမိတ်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို တအာင်းတပ်မတော် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ TNLA က ဇွန် ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇွန် ၂၅ ရက်နေ့မှာ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအနေနဲ့ ရှမ်းမြောက်က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA၊ မန္တလေး…