June 2024

စစ်ကောင်စီလက်အောက် ကျောင်းအပ်နှံသူ သောင်းနဲ့ချီ ထပ်မံလျော့ကျ

မော်လမြိုင် ၊ ဇွန် ၄ အခုပညာသင်နှစ်အတွက် နိုင်ငံတဝန်းရှိ အခြေခံပညာကျောင်းတွေမှာ လာရောက်အပ်နှံသူ ၆၃ သိန်း ၉ သောင်းကျော်ရှိပေမယ့် မနှစ်ကထက် လျော့ကျလာတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေနဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း တိုင်းနဲ့ပြည်နယ်ရှိ စစ်ကောင်စီထိန်း ချုပ်ထားတဲ့ အခြေခံပညာကျောင်းတွေ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ အပ်နှံကြသူတွေ ၆၃…

ရေးမှာ ရော်ဘာခြံလုပ်သားနှစ်ဦး အသတ်ခံရ

ရေး၊ ဇွန် ၄ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကျေးရွာ ရော်ဘာခြံတစ်ခုမှာ ဇွန် ၁ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က ရော်ဘာခြံလုပ်သားနှစ်ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ရော်ဘာခြံလုပ်သားတွေဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် ကိုကျော်ဇင်မိုးနဲ့ အသက် ၄၂ နှစ်အရွယ် ဦးကျော်လွင်ဦးတို့နှစ်ဦးကို အမည်မသိလူတစ်စုက သေနတ်နဲ့ပစ်ခတ်ပြီး ဓါးတွေနဲ့ပါ…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ ကိုယ်ဝန်ဆောင် အမျိူးသမီးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

ကျိုက်ထို၊ ဇွန် ၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းနဲ့မုက္ခမော့ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိူးသမီးတစ်ဦး အပါအဝင် အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အ မြောက်တပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က…

ဂါဇာ အပစ်ရပ်ရေးအဆို အစ္စရေး လက်ခံမယ်လို့ အမေရိကန် မျှော်လင့်နေ

ဝါရှင်တန်၊ ဇွန် ၃ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေ သီတင်းခြောက်ပတ်ကြာ ရပ်ဆိုင်းထားမှုနဲ့အတူ စတင်မယ့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို ဟားမာ့စ်အဖွဲ့က လက်ခံမယ်ဆိုရင် အစ္စရေးကလည်း လက်ခံလိမ့်မယ်လို့ အမေရိကန်က မျှော်လင့်ကြောင်း အိမ်ဖြူတော်အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတဂျိုးဘိုင်ဒန် မိတ်ဆက်ခဲ့တဲ့ အဆင့်သုံးဆင့်ပါ သဘောတူညီမှုမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီ ပိုမိုပို့ဆောင်ရေးအပြင် စစ်ပွဲထာဝရ အဆုံးမသတ်ခင် ပါလက်စတိုင်းသား…

မက္ကစီကိုမှာ ပထမဆုံးအမျိုးသမီးသမ္မတ ရွေးကောက်ခံရ

မက္ကစီကိုစီးတီး၊ ဇွန် ၃ ရာဇဝတ်မှုထူပြောလှတဲ့ မက္ကစီကိုနိုင်ငံမှာ ရွေးကောက်ပွဲနေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် အမျိုးသမီးအများစု အနိုင်ရဖို့ အားသာနေတဲ့ သမ္မတရွေးကောက်ပွဲကို မက္ကစီကိုနိုင်ငံသားတွေ ဇွန် ၂ ရက်နေ့မှာ မဲပေးခဲ့ကြပါတယ်။ ဒေသဆိုင်ရာ နိုင်ငံရေးသမား နှစ်ဒါဇင်လောက် သတ်ဖြတ်ခံခဲ့ရပြီးနောက် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးသူတွေကို ကာကွယ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ချထားခဲ့ပါတယ်။ ရွေးကောက်ပွဲ…

စစ်တွေမြို့နယ် ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်သူအားလုံးကို လက်တုံ့ပြန်မယ်လို့ AA ပြော

စစ်တွေ၊ ဇွန် ၃ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့ အရပ်သားပြည်သူ ၅၃ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်မ၊ တပ်ရင်းနဲ့ ပါဝင်ပတ်သက်သူအာလုံးကို ပြင်းထန်စွာလက်စားချေ တုံ့ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA က ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က…

တနင်္သာရီမှာ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်

တနင်္သာရီ၊ ဇွန် ၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ ထံက သိရပါတယ်။ ပြီခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က သိန္ဓောကျေးရွာ အခြေ စိုက် စစ်ကောင်စီရဲ့ ခလရ ၁၀၁ ရှေ့တန်းတပ် စခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးဟာ…

မွန်တပ်ကို ဝန်းရံတိုက်ခိုက်မှုနဲ့ ဒေသခံနှစ်ဦး သတ်ဖြတ်တဲ့ စွပ်စွဲချက်အပေါ် မွန်ပြည်သစ် AD ငြင်းဆို

ရေဖြူ ၊ ဇွန် ၂ ရေးတောင်ပိုင်းနဲ့ ရေဖြူမြို့ နယ်ဘက်မှာ လှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်တဲ့ မွန်တပ်ကို မဟာမိတ်တပ်တွေနဲ့အတူ ဝန်းရံတိုက်ခိုက်ပြီး ဒေသခံနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် မွန်ပြည်သစ်ပါတီ ADက ငြင်းဆိုပါတယ်။ မွန်တပ်ရဲ့ ထုတ်ပြန်ချက်အရ မေ ၂၆ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ AD က ဦးဆောင်ပြီး မဟာမိတ်တပ်တွေနဲ့အတူ မွန်တပ်ကို ဝင်ရောက်ဝင်းရံတိုက်ခိုက်ခဲ့ပေမယ့်…

မွန်ပြည်နယ်မှာ ဆေးဝါးအများစု ဆိုးဆိုးရွားရွား ပြတ်လပ်လာ

မော်လမြိုင် ၊ ဇွန် ၂ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့မေလကစလို့ ဆေးကုမ္ပဏီ၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဆိုင်တွေမှာပါ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ဆိုးဆိုးရွားရွား ပြတ်လပ်လာပြီးနောက် ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆေးဝါးပြတ်လပ်မှုဟာ ဒေါ်လာဈေးနှုန်း အဆမတန်ထိုးတက်လာတာ၊ စစ်ကောင်စီရဲ့ ကန့်သတ် ချက်တွေကြောင့် ဆေးဝါးတင်သွင်းဖို့ ခက်ခဲလာတာ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးဝါးပြတ်လပ်မှု…

ခွဲထွက်အဖွဲ့NMSP AD နဲ့ ပတ်သက်မှုမရှိကြောင်း မွန်ပြည်သစ်ပါတီ ထုတ်ပြန်

ရေးချောင်းဖျား ၊ ဇွန် ၂ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့NMSP AD ဟာ သူ့သဘောသူဆောင်နေတဲ့အဖွဲ့ဖြစ်ပြီး မိခင်ပါတီနဲ့ ဆက်စပ်ပတ်သက်မှုမရှိတဲ့ အဖွဲ့သာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မ တီက မေ ၃၁ ရက်နေ့မှာ ကြေညာထုတ်ပြန်ပါတယ်။ ပါတီတွင်း စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ဒေသတွင်း တည်ငြိမ်မှု လုံခြုံမှုတည်ဆောက်ရေး၊ ဒေသခံရဟန်းရှင် လူ ပြည်သူတွေ အေးချမ်းစေရေးတို့ကို ရှေးရှုပြီး ခွဲထွက်အဖွဲ့ မိခင်ပါတီထံပြန်လာရေး…