June 2024

ဖာပွန်ဗျူဟာမကျရေး စစ်ကောင်စီတပ် အားကုန်ခုခံနေတယ်လို့ KNU ပြော

ဖာပွန်၊ ဇွန် ၅ ကရင်ပြည်နယ် ဖာပွန်မြို့အနားမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်လက်အောက်ခံဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တို့ကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဆက်လက်ဖြတ်တောက် တိုက်ခိုက်နေပြီး ဗျူဟာတပ်စခန်း မကျဖို့အတွက် စစ်ကောင်စီတပ်က အားကုန်တောင့်ခံကာ ခုခံတိုက်ခိုက်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ ဖာပွန်မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဗျူဟာကုန်းနဲ့ တပ်ရင်းဌာနချုပ်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ…

ထားဝယ်မြို့အဝင် မောင်မယ်ရှောင်ရွာက နေအိမ် ၁၀၀ ကျော် ဖောက်ထွင်းခံရ

ထားဝယ်၊ ဇွန် ၅ တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် မောင်မယ်ရှောင်ကျေးရွာမှာ နှစ်ရက်အကြာ တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီဟာ ကျေးရွာအတွင်းရှိ နေအိမ် ၁၀၀ ကျော် ဖောက်ထွင်းခဲ့သလို အရပ်သား ၁ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့က မောင်မယ်ရှောင်ကျေးရွာအနီးမှာ အိမ်းစီးကားနဲ့ မောင်းနှင်းလာတဲ့ စစ်ကောင်စီရဲ့ ဗိုလ်ကြီးဇင်ဝင့်အောင်…

ထားဝယ်မြို့အဝင် မူလတန်းကျောင်း ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံး ၂၀ ထက်မနည်း ဒဏ်ရာရ

ထားဝယ်၊ ဇွန် ၄ တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းမှာ ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်သူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ စာသင်ကျောင်း ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ အိမ်ရှေ့ပြင်ရပ်ကွက်မှာ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားထားတာပါ။ စာသင်ကျောင်းအတွင်း…

လာနီညာကြောင့် ဖြစ်ပေါ်လာမယ့် ရိုက်ခတ်မှုကို ထိုင်းအစိုးရ ကြိုတင်စောင့်ကြည့်နေ

ဘန်ကောက်၊ ဇွန် ၄ အယ်လ်နီညိုရာသီဥတု အခြေအနေကနေ လာနီညာရာသီဥတု အခြေအနေသို့ ပြောင်းလဲလာနိုင်ခြေကို စောင့်ကြည့်နေကြောင်း ထိုင်းစီးပွားရေးဝန်ကြီးဌာနက ဇွန် ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ လာနီညာရာသီဥတု အခြေအနေအဖြစ် ပြောင်းလဲလာရင် အထူးသဖြင့် အဲဒီရာသီဥတုအခြေအနေနဲ့ ပတ်သက်လို့ အတိမ်းအစောင်းမခံနိုင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုတွေနဲ့ စားနပ်ရိက္ခာ ပစ္စည်း ထုတ်လုပ်မှုတွေကို ထိခိုက်နိုင်ပြီး ထိုင်းနိုင်ငံရဲ့ ငွေဖောင်းပွမှု…

ယူကရိန်းအရေး ဆွေးနွေးပွဲမတက်ဖို့ အခြားနိုင်ငံတွေကို ဖိအားပေးမှု စွပ်စွဲချက် တရုတ် ပယ်ချ

ဘေဂျင်း ၊ဇွန် ၄ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ကျင်းပဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ဖို့ တရုတ်က အခြားနိုင်ငံကို ဖိအားပေးနေတယ်ဆိုတဲ့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ စွပ်စွဲချက်ကို ဘေဂျင်းအစိုးရက ဇွန် ၃ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ ဇွန် ၂ ရက်နေ့က စင်ကာပူမှာ ကျင်းပနေတဲ့ လုံခြုံရေးညီလာခံမှာ ယူကရိန်းသမ္မတဇီလန်စကီးက အခုလအတွင်း…

မကွေးတိုင်းဘက် စစ်ရှောင်လာတဲ့ ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို စစ်ကောင်စီကဖမ်းဆီးငွေညှစ်

မကွေး၊ ဇွန် ၄ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ ထိစပ်နေတဲ့ဒေသတွေမှာ စစ်ရှောင်လာတဲ့ ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူ တွေကို စစ်ကောင်စီလက်အောက်ခံတွေက ဖမ်းဆီးငွေညှစ်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင် တိုင်းမ်ကိုပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်နဲ့ အမ်းဘက်က တိုက်ပွဲတွေကြောင့် မကွေးတိုင်း သရက်ခရိုင်အတွင်း စစ်ရှောင်လာကြသူတွေကို ဖမ်းဆီးစစ်ဆေးတာမျိုးတွေလုပ်ဆောင်လာတာပါ။ ၁၁/ မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုဆိုရင် စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြရစ်တာ၊ ငွေတောင်းတာမျိုး တွေရှိတယ်လို့ ဒေသခံတွေက…

စစ်တွေ ဗျိုင်းဖြူကျေးရွာမှာ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အရပ်သား ၇၆ ဦးထိရှိလာတယ်လို့ AA ပြော

စစ်တွေ၊ ဇွန် ၄ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ မတရား ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူအရေအတွက် ၇၆ ဦးအထိ ရှိလာခဲ့တယ်လို့ ရက္ခိုင့် တပ်တော် AA က ဒီနေ့ ဇွန် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ…

ကော့သောင်းမှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂ အတွက် အိမ်ထောင်စုစာရင်းကောက်နေ

ကော့သောင်း၊ ဇွန် ၄ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေက စစ်မှုထမ်းဆောင်ဖို့အတွက် ခြင်ထောင်ဝေတာကို ဗန်းပြပြီး အိမ်ထောင်စုစာရင်း ကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့စပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ အိမ်ထောင်စာရင်း လူဦးရေအလိုက်…

စစ်အာဏာသိမ်း (၁၂၁၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၁၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၄ AAPP ရဲ့ ဇွန် ၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၁၉) ရက်အတွင်း ပြည်သူ (၅၂၁၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၁၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၅၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးယုံနဲ့ ရွှေဈေးနှုန်း သိသိသာသာ ပြန်မကျနိုင်

မော်လမြိုင် ၊ ဇွန် ၄ ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာပြီးနောက် စစ်ကောင်စီက အထင်ကရ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူလိုက်ယုံနဲ့ ရွှေဈေးနှုန်း သိသိသာသာ ကျဆင်းမှုမရှိနိုင်ဘူးလို့ စီးပွား ရေးပညာရှင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အနှောက်အယှက် အဟန့်အထား ဖြစ်စေဖို့ ရည်ရွယ်ပြီး ရွှေဈေးကွက်အတွင်း အရောင်းအဝယ်မဖြစ်တဲ့ဈေးနှုန်းတွေနဲ့ ဈေးကစားပြီး နိုင်ငံ့စီးပွားရေး…