မကွေး၊ ဇွန် ၄

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ ထိစပ်နေတဲ့ဒေသတွေမှာ စစ်ရှောင်လာတဲ့ ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူ တွေကို စစ်ကောင်စီလက်အောက်ခံတွေက ဖမ်းဆီးငွေညှစ်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင် တိုင်းမ်ကိုပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်နဲ့ အမ်းဘက်က တိုက်ပွဲတွေကြောင့် မကွေးတိုင်း သရက်ခရိုင်အတွင်း စစ်ရှောင်လာကြသူတွေကို ဖမ်းဆီးစစ်ဆေးတာမျိုးတွေလုပ်ဆောင်လာတာပါ။

၁၁/ မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုဆိုရင် စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြရစ်တာ၊ ငွေတောင်းတာမျိုး တွေရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ မကွေးတိုင်းအစပ် ပုသိမ်-မုံရွာအလမ်းအနောက်ဘက်တောတွေမှာလည်း ယာယီ တဲတွေ ထိုးကာနေထိုင်ကြရပြီး စားနပ်ရိက္ခာအခက်ခဲများစွာကိုလည်း ရင်ဆိုင်နေကြရပါတယ်။

မှတ်ပုံတင်၁၁/ ကိုင်ဆောင်ထားသူတွေဆိုပါက ရန်ကုန်လည်း ရန်ကုန်အလျောက် မန္တလေးလည်း မန္တလေး အလျောက် ကန့်သတ်ထားတာမျိုးတွေရှိတယ်လို့ PRA-Magway စစ်ဦးစီးချုပ် ကိုနောင်သူရိန်က သံလွင် တိုင်းမ်ကိုပြောပါတယ်။

ဒီလိုမျိုးကန့်သတ်တာတွေဟာ ရခိုင်ပြည်နယ် စစ်ပွဲတွေစတင်ချိန်ကတည်းက ဖြစ်ပေါ်လာတာဖြစ်ပြီး ကယ် ထုတ်ပေးခဲ့ရတာတွေလည်းရှိတယ်လို့ ကိုနောင်သူရိန်က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲကနေ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ မင်းတုန်း၊ ကံမနဲ့ သရက်မြို့နယ်တွေမှာ စစ်ဘေး ရှောင်နေကြရပြီး တချို့ကလည်း အဲဒီမြို့တွေကတဆင့် ဆွေမျိုးတွေရှိရာ မြို့တွေကိုသွားရောက်နေထိုင်နေကြ တယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.