May 2024

ဘူးသီးတောင်ထောင်က နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်း ၁၀၀ နီးပါးကို AA ကယ်ထုတ်

ဘူးသီးတောင်၊ မေ ၃၁ ရခိုင်ပြည်နယ် ဘူးသီးတောင်အကျဉ်းထောင်မှာ ပိတ်မိနေတဲ့ နိုင်ငံရေး အကျဉ်းသား အပါအဝင် အကျဉ်း သား ၁၀၀ နီးပါးကို ကယ်ထုတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်က မေ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဘူးသီးတောင်မြို့ကို AA က အပြီးသတ် သိမ်းယူပြီးနောက် အကျဉ်းထောင်မှာ ပိတ်မိနေတဲ့ နိုင်ငံရေး အ ကျဉ်းသား ၃၁…

မွန်ပြည်နယ်မှာ PDF က ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်နေတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား+++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့”မွန်ပြည်နယ်က ပြည်ထောင်စုလမ်းပိုင်းတချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေက ပြည်သူတွေကို အနိုင်ကျင့်နှိပ် စက်နေတယ်” ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတာနဲ့ ပတ် သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို…

NUG/PDF ထောက်ပံ့နေတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့”မလေးရှားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG/ PDF ထံ ငွေကြေးထောက်ပံ့နေတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားရဲက ဖမ်းဆီးနေကြောင်း” စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို…

စစ်အာဏာသိမ်း (၁၂၁၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၆၁) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၃၁ AAPP ရဲ့ မေ ၃၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၁၅) ရက်အတွင်း ပြည်သူ (၅၁၆၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၇၈၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၅၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်ဟံသာဝတီသစ် ပြန်ထူထောင်နိုင်ရေး မွန်လူထုတစ်ရပ်လုံးပါဝင်ကြဖို့ တိုက်တွန်း

မော်လမြိုင် ၊ မေ ၃ အင်အားချိနဲ့လာနေတဲ့ စစ်ကောင်စီကို အားလုံးက အဆုံးသတ်တိုက်ပွဲဆင်နွှဲနေချိန်မှာ ဖက်ဒရယ်ပြည်ထောင်စုအတွင်း မွန်ပြည်ဟံသာဝတီသစ် ပြန်လည်ထူထောင်နိုင်ရေး မွန်လူထုတစ်ရပ်လုံး ပါ ဝင်ကြဖို့ မွန်တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။ ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ် ကဆုန်လဆုတ် ၈ ရက်နေ့မှာ ကုန်းဘောင်မင်းဆက် မြန်မာဘုရင် အလောင်းမင်းတရားကြီးခေါ် ဦးအောင်ဇေယျကနေ မွန်တွေရဲ့ ဟံသာဝတီ နေပြည်တော်ကို…

ဘတ်ငွေဈေးဂယက်ကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်း စံချိန်တင်ထိုးတက်လာ

မော်လမြိုင် ၊ မေ ၃၁ မြန်မာငွေတန်ဖိုးကျဆင်းမှုနဲ့အတူ ထိုင်းဘတ်ငွေဈေးနှုန်း စံချိန်တင်မြင့်တက်လာပြီးနောက် ထိုင်းကုန်ပစ္စည်းဈေးနှုန်း ဆက်တိုက်ထိုးတက်လာတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေလဒုတိယအပတ်က တစ်ဘတ်ကို ကျပ် ၁၀၀ ဝန်ကျင်းမှာရှိခဲ့တဲ့ ထိုင်းဘတ်ငွေဈေးနှုန်းဟာ မေ ၃၀ ရက်နေ့မှာ တစ်ဘတ်ကို ၁၃၅ ကျပ် အထိ သမိုင်းတလျှောက် တစ်ခါမှမဖြစ်ဖူးတဲ့ စံချိန်တင်ဈေး နှုန်း မြင့်တက်လာခဲ့တာပါ။…

ဝေါမှာ စစ်တပ်က ဒေသခံလူငယ်တွေကို စစ်မှုထမ်းဖို့ဆိုပြီး လိုက်ဖမ်းနေ

ဝေါ၊ မေ ၃၁ ပဲခူးတိုင်း ဝေါမြို့နယ်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ဒေသခံလူငယ်တွေကို စစ်မှုထမ်းဖို့ဆိုပြီး လိုက်လံဖမ်းဆီးနေတာကြောင့် လူငယ် ၂၀ ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ မေ ၂၉ ရက်နေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ဝေါမြို့နယ်ရဲ့ ကျေးရွာတွေဖြစ်တဲ့ ကြာလဟာ၊ ရှမ်းစု၊…

ကျိုက်ထိုမှာ တာယာဆိုင်ပိုင်ရှင်တစ်ဦး ဖမ်းဆီးခံရ

ကျိုက်ထို၊ မေ ၃၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ ဟဲဗီးဝိတ်တာယာဆိုင်ပိုင်ရှင်ကို PDF ထံ ငွေကြေးထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်က လာရောက်ဖမ်း ဆီးထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ ဟဲဗီးဝိတ်တာယာဆိုင်ပိုင်ရှင် ကိုအောင်လှမိုးခေါ် ကိုကြီးစိန်ကို ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်ဆီးသွားတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ကိုအောင်လှမိုးဟာ…

ဆီဆိုင်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးနေရ

ဆီဆိုင်၊ မေ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေရဲ့ လက် နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁၀၀၀နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှစပြီး ည ၈…

လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတစ်ဦးကို PDF ဝင်ရောက်ဖမ်းဆီး

လောင်းလုံး၊ မေ ၃၀ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတစ်ဦးကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF ဘက်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ မေ ၂၉ ရက် ညနေ ၆ နာရီအချိန်ခန့်က လောင်းလုံးမြို့ပေါ်မှာ သွားလာနေတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို နွေဦးပြောက်ကျားတပ်ဖွဲ့ကနေ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်သား တစ်ဦး ဖမ်းဆီးခံရပြီးနောက် လောင်းလုံးမြို့ပေါ်မှာ…