May 27, 2024

စစ်အာဏာသိမ်း (၁၂၁၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၄၈) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၈ AAPP ရဲ့ မေ ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၁၂) ရက်အတွင်း ပြည်သူ (၅၁၄၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၇၄၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၄၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ်မှာ မိုးစပါးကြဲခင်းစိုက်ပျိုးမှုများလာလို့ စပါးအထွက်နှုန်းကျဆင်းမှုနဲ့ ရင်ဆိုင်ရနိုင်

မော်လမြိုင် ၊ မေ ၂၈ မွန်ပြည်နယ်မှာတော့ အခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှာ ကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင် အထွေ ထွေ အခက်အခဲတွေကြောင့် ကြဲခင်းစိုက်ပျိုးမှုတွေ များလာတဲ့အတွက် စပါးအထွက်နှုန်း ကျဆင်းမှုနဲ့ရင်ဆိုင်ရနိုင်တယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စပါးစိုက်ပျိုးဧက ၇ သိန်းနီပါးရှိတဲ့ မွန်ပြည်နယ်မှာ မိုးစပါးကို နှစ်စဉ်မေလအလယ်က ဇူလိုင်လဆန်းပိုင်းအထိ စိုက်ပျိုးလုပ်ကိုင်ကြတာဖြစ်ပြီး ဒီနှစ်မှာတော့ မျိုးထောင်စိုက်ပျိုးမှုထက် ကြဲခင်းစိုက်ပျိုးမှုတွေကိုသာ လုပ်ကိုင်လာကြတာပါ။ မိုးစပါးစိုက်ပျိုးတဲ့…

မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ အုပ်ချုပ်ရေးကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း

မော်လမြိုင် ၊ မေ ၂၈ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ကြားကာလ အုပ်ချုပ်ရေးအစီအမံတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အုပ်ချုပ်ရေးကော်မတီကို ပြန်လည်ပြင် ဆင်ဖွဲ့ စည်းထားတယ်လို့ မေ ၂၇ ရက်နေ့မှာ ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ဒုတိယကြိမ် ညီလာခံပြုလုပ်ပြီးနောက်ပိုင်း မွန်ပြည်မှာ အာဏာသုံးရပ်ကို ကျင့်သုံးနိုင်ဖို့ ဥပဒေပြုရေး၊တရားရေးနဲ့ အုပ်ချုပ်ရေးကော်မတီ သုံးခုကို ပြန်လည်ပြင်…

မွန်ပြည်နယ်တောင်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ငှက်ဖျားရောဂါအဖြစ်များနေ

ရေး၊ မေ ၂၈ မွန်ပြည်နယ်တောင်ပိုင်းဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ အခြေချလှုပ်ရှားနေတဲ့ လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့ ဝင် ရဲဘော်တွေမှာ ငှက်ဖျားရောဂါ အစုံလိုက် အပြုံလိုက် ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့ဧပြီလကုန်ပိုင်းကစပြီး တော်လှန်ရေးရဲဘော်တွေမှာ ငှက်ဖျားရောဂါတွေ စတင်ဖြစ်ပွားခဲ့ကာ အခုနောက်ပိုင်းမှာ ရောဂါဖြစ်ပွားသူ အရေအတွက် သိသိသာသာ တိုးလာတာ ဖြစ်ပါတယ်။ တော်လှန်ရေးရဲဘော်တွေဟာ နောက်တန်းမှာ…

သရက်ချောင်း စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး

သရက်ချောင်း၊ မေ ၂၈ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပန်းတောရပ်ကွက်ရှိ သံတံတားစစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၂၅ ရက် မနက် ၆ နာရီအချိန်ခန့်မှာ အင်အား ၂၀ ဝန်းကျင်နဲ့ တပ်စွဲပြီးငွေကြေးတောင်း ခံနေတဲ့ စစ်ကောင်စီရဲ့ သံတံတားစစ်ဆေးရေးဂိတ်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက…

မြစ်ကြီးနားထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၁၃ ဦး ထပ်တိုးထောင်ဒဏ်ချမှတ်ခံရ

မြစ်ကြီးနား၊ မေ ၂၇ ကချင်ပြည်နယ် မြစ်ကြီနားအကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး နိုင်ငံအကျဉ်သားအပါအဝင် အကျဉ်းသား ၁၃ ဦးဟာ ထပ်တိုးထောင်ဒဏ် သုံးနှစ်ခွဲစီ ချမှတ်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က စစ်ကောင်စီ ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူမရှိတဲ့အပေါ် တောင်းဆိုရာမှ…

အမေရိကန်နဲ့ တောင်ကိုရီးယားက ကင်းထောက်မှုတွေ အရှိန်မြှင့်ထားတယ်လို့ မြောက်ကိုရီးယား စွပ်စွဲ

ဆိုးလ်၊ မေ ၂၇ အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ ကိုရီးယားနှစ်နိုင်ငံနယ်စပ်မှာ ကင်းထောက်လှမ်းမှုကို အရှိန်မြှင့်ပြုလုပ်နေတယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပြီး အချုပ်အခြာအာဏာနဲ့ လုံခြုံရေး ချိုးဖောက်ခံရပါက အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးလိုက်ပါတယ်။ အမေရိကန်က သူတို့ရဲ့ RC-135 အမျိုးအစားလေယာဉ်နဲ့ မဟာဗျူဟာကင်းထောက်လေယာဉ် U-2S၊ RQ-4B ဒရုန်းတို့နဲ့ ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှာ မေ ၁၃ ရက်နဲ့ ၂၄ ရက်ကြားမှာ…

သထုံက နန်းခဲအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရ

သထုံ၊ မေ ၂၇ မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ဒီနေ့ မနက်အစောပိုင်းမှာ မိုင်းထောင်ဖောက်ခွဲခံခဲ့ရတာကြောင့် အဆောက်အဦပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဒီနေ့ မေ ၂၇ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်မှာ နန်းခဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ “မနက်အစောပိုင်းမှာ ပေါက်ကွဲသံကြားလိုက်တာ နောက်မှစုံစမ်းကြည့်တော့ နန်းခဲအုပ်ကြီးရုံး မိုင်းခွဲခံရတာလို့ သိရတယ်။…

ထိုင်း-မြန်မာနယ်စပ်မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကြာအင်းဆိပ်ကြီး၊ မေ ၂၇ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ဖိုးချီးမူစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖိုးချီးမူးစခန်းဟာ နယ်စပ်တလျှောက်မှာ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့အတွက် KNLA တော်လှန်ရေးပူးပေါင်းတပ်တို့က အပြည့်အ၀ နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က မေ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့၊ ထိုင်းမြန်မာနယ်စပ် စစ်ကောင်စီရဲ့ အင်အားကြီးအထိုင်စခန်းဖြစ်တဲ့ ဖိုးချီးမူစစ်စခန်းကို KNLA PDF…

ရခိုင်ပြည်နယ်က စစ်ရာဇဝတ်မှုတွေကို ကုလ စုံစမ်းစစ်ဆေးနေ

ကုလသမဂ္ဂ၊ မေ ၂၇ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေကို စောင့်ကြည့်နေပြီး အဖိနှိပ်ခံလူနည်းစု ထောင်နဲ့ချီပြီး နှင်ထုတ်ခံရမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ကုလသမဂ္ဂ စစ်ရာဇဝတ်မှု စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM အဖွဲ့ရဲ့ မေ ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်က…