May 16, 2024

စစ်အာဏာသိမ်း (၁၂၀၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၀၉၂) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၇ AAPP ရဲ့ မေ ၁၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၁) ရက်အတွင်း ပြည်သူ (၅၀၉၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၈၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၂၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ပြည်တွင်းရွှေဈေးနှုန်း သိန်း ၅၀ ကျော်ထိ စံချိန်တင်မြင့်တက်

မော်လမြိုင် ၊ မေ ၁၇ စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်ကာလအတွင်း ပြည်တွင်းမီးလင်းအခေါက် ရွှေဈေးနှုန်းဟာ တစ်ကျပ်သား ကျပ်သိန်း ၅၀ ကျော်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေလပထမအပတ်က ပြင်ပဈေးကွက်မှာ တစ်ကျပ်သား ၄၇ သိန်းဝန်းကျင်သာရှိတဲ့ ပြည်တွင်းမီးလင်းအခေါက်ရွှေဟာ မေ ၁၆ ရက်နေ့မှာ ကျပ်သိန်း ၅၀ ကျော်အထိ စံချိန်တင်ဈေးနှုန်း ထပ်မံမြင့်တက်လာတာ…

စစ်ကောင်စီတပ်စွဲထားလို့ ဂျိုင်းမြစ်ဒေသခံအများစု နေရပ်မပြန်ရဲကြသေး

ကျိုက်မရော ၊ မေ ၁၇ တိုက်ပွဲပြင်းထန်ခဲ့တဲ့ မွန်နဲ့ကရင် နယ်စပ် ဂျိုင်းမြစ်ဒေသက ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတာကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူအများစု နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ တစ်လကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တို့ကြား ကော့ဘိန်း၊ ဓမ္မသ၊ သံကလောင်နဲ့ တရနာကျေးရွာအနီးတဝိုက်တွေမှာ နှစ်ဘက်ထိတွေ့တိုက် ပွဲပြင်းထန်ခဲ့တာပါ။ အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်က ဓမ္မသကျေးရွာနဲ့ ကော့ဘိန်းကျေးရွာတွေကို…

သရက်ချောင်းမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ

သရက်ချောင်း၊ မေ ၁၇ တနင်္သာရီတိုင်း သရက်ချောင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၈ ရက်နေ့က ပဲဒက်စခန်း သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၇၀ ဝန်း ကျင်နဲ့ ရေလမ်းကနေတစ်ဆင့် သရက်ချောင်းမြို့နယ်ထဲကို…

တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် ၆၀၀၀၀ ဝန်းကျင်အထိတိုးလာ

တနင်္သာရီ၊ မေ ၁၇ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်း ကျင်အထိ တိုးလာတယ်လို့ ဒေသအခြေစိုက် သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကစလို့ တနင်္သာရီတိုင်းရဲ့ ထားဝယ်၊ ပုလော၊ တနင်္သာရီ၊ သရက်ချောင်းနဲ့ ရေဖြူမြို့ နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ…

မကွေးမှာ အပူချိန်ပြင်းထန်မှုကြောင့် သဘာဝအလျောက် ငါးသေဆုံးမှုများလာ

မကွေး၊ မေ ၁၆ မကွေးတိုင်းမှာ အပူချိန်မြင့်မားတာကြောင့် ယောချောင်းတစ်လျှောက်က ငါးတွေ သဘာဝအလျောက် သေဆုံးမှု များလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မေ ၁၆ ရက်နေ့မှာ ယောချောင်းတစ်လျှောက် မျောလာတဲ့ ငါးတွေကို ဒေသခံတွေက ကောက်ယူနေကြတယ်လို့လည်း သိရပါတယ်။ “အပူချိန်မြင့်မားလို့သေတဲ့ငါးတွေပါ။အများကြီးပဲ သူများတွေဆို ပိဿာနဲ့ချီရကြတယ်။ ယောချောင်းနဲ့ ဆောချောင်းဆိုတာက ချင်းပြည်ဘက်ကလာတာ။ ဧရာဝတီမြစ်ထဲကိုစီးဆင်းတာပါ”…

နိုင်ငံကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဦးဆောင်သွားမယ်လို့ စင်ကာပူဝန်ကြီးချုပ်သစ် ပြော

စင်ကာပူ မေ ၁၆ အရင်ခေါင်းဆောင် မျိုးဆက်တွေနဲ့ မတူညီတဲ့ ပုံစံမျိုးနဲ့ နိုင်ငံကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဦးဆောင်သွားမယ်လို့ စင်ကာပူရဲ့ စတုတ္ထမြောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ လောရင့်စ် ဝေါင်က ပြောကြားလိုက်ပါတယ်။ မိမိတို့ရဲ့ ဘဝတွေဟာ မိမိတို့နိုင်ငံကို ထုဆစ်ထားတဲ့ တန်ဖိုးထားမှုတွေ အတွက် အစမ်းသပ်ခံတွေဖြစ်ပြီး အကျင့်ပျက်ခြစားမှု မရှိစေရေး လူမျိုးပေါင်းစုံ သင့်တင့်စွာ နေထိုင်ရေး အရည်အချင်းအလိုက်…

အစာငတ်ခံဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူ သေဆုံးမှု စုံစမ်းစစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

ဘန်ကောက်၊ မေ ၁၆ ဘုရင့်နန်းတော်ကို စော်ကားမှုစွဲချက် အပါအဝင် စွဲချက်တွေ အများကြီးနဲ့ ရုံးမတင်ခင် ဖမ်းဆီးထားစဉ်အတွင်း အစာငတ်ခံ ဆန္ဒပြပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးငယ် သေဆုံးမှုကို စုံစမ်း စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က မေ ၁၅ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။ အကျဉ်းထောင် ဆေးရုံမှာ နှလုံးထိခိုက်ပြီး သေဆုံးသွားတဲ့ အသက် ၂၈…

KIA စစ်ဦးစီးချုပ်ကွယ်လွန်မှု ဝမ်းနည်းကြေကွဲရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီထုတ်ပြန်

မော်လမြိုင်၊ မေ ၁၆ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်မှုအ တွက် KIO/ KIA နဲ့ တကွ ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က မေ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အသက် ၆၂ နှစ်အရွယ် KIA စစ်ဦးစီးချုပ် ဒုတိယ…

ရှမ်းက Non CDM ဝန်ထမ်းတွေကို TNLA တာဝန်ရပ်ဆိုင်း

နမ့်ဆန်၊ မေ ၁၆ ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ခဲ့တဲ့ မြို့ ၇ မြို့နဲ့ တအာင်းပြည် နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းတွေကို တာဝန်မှ ရပ်ဆိုင်းလိုက်တယ်လို့ TNLA က မေ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ TNLA သိမ်းပိုက်ထားတဲ့ နမ့်ဆန်၊ နမ္မတူ၊…