May 10, 2024

စစ်အာဏာသိမ်း (၁၁၉၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၀၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၁၁ AAPP ရဲ့ မေ ၁၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၁၉၅) ရက်အတွင်း ပြည်သူ (၅၀၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၅၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

တနင်္သာရီတိုင်းမှာ တစ်တိုင်းလုံးနီးပါး တိုက်ပွဲတွေပြင်းထန်လာ

တနင်္သာရီ၊ မေ ၁၁ စစ်အာဏာရှင်ပြုတ်ကျရေး နွေဦးတော်လှန်ရေး တိုက်ပွဲတွေဟာ တနင်္သာရီတိုင်းရဲ့ တစ်တိုင်းလုံးနီးပါး နေရာအနှံ့ တိုက်ပွဲတွေ ပြင်းထန်လာပြီး စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာနိုင်ငံမြေပုံရဲ့ အောက်ပိုင်းအစွန်မှာတည်ရှိတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး တော်လှန်ရေးအင်အားစုဘက်က စခန်းသိမ်းတိုက်ပွဲတွေအထိ ဆင်နွှဲလာနိုင်ခဲ့ပါတယ်။ သံလွင်တိုင်းမ်က…

မွန်ပြည်သစ်ပါတီရဲ့ အချက်အချာကြတဲ့ နယ်မြေတွေကို လက်ဦးမှုရယူဖို့ စစ်တပ်ထောက်ခံသူတွေ လှုံ့ဆော်

ရေချောင်းဖျား၊ မေ ၁၁ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ အချက်အချာကြတဲ့ နယ်မြေတွေကို စစ်ကောင်စီဘက်က လက်ဦးမှုရယူဖို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဝါဒဖြန့် လှုံ့ဆော်လာနေပါတယ်။ စစ်ကောင်စီဘက်ယိမ်းတဲ့ ပေတိုးမီဒီယာက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ် ညီစားမှာ မွန်အမျိုး သားကျောင်းတွေရှိပြီး အဲဒီနယ်မြေမှာ ပညာရေး၊ စီးပွားရေး အဆင်ပြေနေတာကြောင့် မွန်ပြည်သစ်ပါတီရဲ့ နှလုံးသားဖြစ်နေတယ်လို့ မေ ၇ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။ ဒါ့အပြင်…

သရက်ချောင်းမှာ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး ထပ်မံသေဆုံး

သရက်ချောင်း၊ မေ ၁၁ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား ၃ ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၁၀ ရက်နေ့ မနက် ၁၂ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ ကနက်သီရိကျေးရွာကို ရဟတ်ယာဉ် ၂ စီး၊ ဂျက်ဖိုက်တာ…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး

ကျိုက်ထို၊ မေ ၁၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇီးပြောင်း ၁ ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မေ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀…

ကမ်းနီအုပ်ချုပ်ရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရ

ကော့ကရိတ်၊ မေ ၁၀ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ထွန်းလင်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အသက် ၄၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး နိုင်ထွန်းလင်းကို မေ ၉ ရက်နေ့ ည ၆ နာရီအချိန်ခန့်မှာ လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးက စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့…

အမေရိကန် လက်နက်မပို့လည်း ကိုယ့်အားကိုယ်ကိုး တိုက်ခိုက်မယ်လို့ အစ္စရေး ကြွေးကြော်

ဂျေရုစလင်၊ မေ ၁၀ ဂါဇာကမ်းမြောင်ဒေသရှိ ရာဖာမြို့ကို စီစဉ်ထားတဲ့အတိုင်း တိုက်ခိုက်မယ်ဆိုရင် လက်နက်ပို့ပေးတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပြီးနောက် အစ္စရေးအနေနဲ့ ကိုယ့်အားကိုယ်ကိုး တိုက်ခိုက်သွားဖို့ အသင့်ရှိနေတယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက မေ ၉ ရက်နေ့မှာ ပြောကြားပါတယ်။ ဟားမာ့စ် တိုက်ခိုက်ရေးသမား အများအပြားနဲ့ ဓားစာခံတွေ ရှိနေတယ်လို့ဆိုတဲ့ ရာဖာမြို့ကို အစ္စရေးက…

တရုတ်က ဆိုးဆိုးရွားရွား သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်လို့ ဖိလစ်ပိုင် ပြော

မနီလာ၊ မေ ၁၀ တောင်တရုတ်ပင်လယ်မှာ တင်းမာမှု လျှော့ချရေး ဖိလစ်ပိုင်ရေတပ် ဒုဗိုလ်ချုပ် တစ်ယောက်က တရုတ်နဲ့ သဘောတူထားကြောင်း ပြည်တွင်း သတင်းစာတစ်ခုက ဖော်ပြခဲ့ပြီးနောက် ဘေဂျင်းအစိုးရဟာ ဆိုးဆိုးရွားရွား သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်လို့ ဖိလစ်ပိုင် စစ်ဖက်ဆိုင်ရာ အကြီးအကဲက ပြောကြားပါတယ်။ အငြင်းပွားနေတဲ့ ရေအောက်သောင်ပြင်က စစ်သားတွေဆီ ထောက်ပံ့ရေး သင်္ဘောတွေလာရောက်မယ်ဆိုရင် သင်္ဘောအစီးရေ လျှော့သုံးရေးနဲ့ တရုတ်ကို…

တွက်ခြေမကိုက်လို့ မွန်ပြည်နယ်က ရော်ဘာခြံအများစု လုပ်ငန်းပိတ်သိမ်း

မော်လမြိုင် ၊ မေ ၁၀ မွန်ပြည်နယ်မှာ အပူချိန်ပြင်းထန်မှုနဲ့အတူ ရော်ဘာအထွက်နှုန်း သိသိသာသာ လျော့ကျလာတာကြောင့် ရော်ဘာခြံအများစု ရာသီမကုန်ခင်မှာပဲ ခြံပိတ်သိမ်းတာတွေ ရှိလာတယ်လို့ ရော်ဘာလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်အတွင်းမှာ ရော်ဘာခြံလုပ်ငန်းကို နှစ်စဉ် စက်တင်ဘာလကနေ ဇွန်လအလယ်ထိ လုပ် ကိုင်ကြပေမယ့် ဒီနှစ်မှာတော့ အထွက်နှုန်း လျော့ကျလာတဲ့အတွက် ဧပြီနောက်ဆုံးအပတ်ကစပြီး ရော်ဘာခြံတွေ ပိတ်သိမ်းတာတွေ…