Å@ã§ìØãLé“âÔå©Ç∑ÇÈÅiç∂Ç©ÇÁÅjïƒçëÇÃÉIÅ[ÉXÉeÉBÉìçëñhí∑äØÅAÉIÅ[ÉXÉgÉâÉäÉAÇÃÉ}Å[ÉãÉYçëñhëäÅAñÿå¥ñhâqëäÅAÉtÉBÉäÉsÉìÇÃÉeÉIÉhÉççëñhëäÅÅÇQì˙ÅAïƒÉnÉèÉCÅiã§ìØÅj

ဟိုနိုလူလူ၊ မေ ၅

အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးတွေက ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းအောင် တိုးမြှင့်ဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလိုကတိပြုမှုကို တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ် နေချိန် ဟာဝိုင်ယီမှာ မေ ၂ရက်က ဒုတိယမြောက် တွေ့ဆုံမှုအတွင်း လုပ်ဆောင်ခဲ့ကြတာပါ။

အရှေ့တောင်အာရှ နိုင်ငံအချို့နဲ့ ဘေဂျင်းကြား အငြင်းပွားနေတဲ့ အဓိကရေလမ်းကြောင်း တောင်တရုတ်ပင်လယ်မှာ လေးနိုင်ငံပူးပေါင်းပြီး ပြီးခဲ့တဲ့လက ပထမဆုံး ရေတပ်လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အခုအစည်းအဝေး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျ ကာကွယ်ရေး ဝန်ကြီး ရစ်ချက်မာလက်စ်က မိမိတို့ အစည်းအဝေးမှာ ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်မှုအရှိန်တိုးမြှင့်ရေး ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

အစည်းအဝေးပြီးနောက် အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လွိုင်း အော်စတင်က သတင်း ထောက်တွေကို ပြောကြားရာမှာ စစ်ရေးလေ့ကျင့်မှုတွေက မိမိတို့နိုင်ငံတွေကြား ပူးပေါင်းဆောင် ရွက်နိုင်မှုစွမ်းရည် တိုးလာစေသလို စစ်တပ်တွေကြား ဆက်ဆံရေးခိုင်မာလာစေပြီး ရေလမ်းကြောင်းတွေမှာ နိုင်ငံတကာ ဥပဒေစိုးမိုးရေး မိမိတို့ရဲ့ ကတိပြုမှုကို ဖော်ပြတာဖြစ်တယ်လို့ ပြောကြားပါတယ်။

အော်စတင်က ကာကွယ်ရေး ဝန်ကြီးတွေကို အမေရိကန်စစ်တပ်ရဲ့ ဒေသဆိုင်ရာ စစ်ဌာနချုပ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး လေးနိုင်ငံဆွေးနွေးပြီးနောက် သြစတြေးလျ၊ ဂျန်ပန်တို့နဲ့ သီးသန့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေဟာ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့နှစ်က စင်ကာပူမှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ အမေရိကန်နဲ့ သုံးနိုင်ငံလုံးကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုထားရှိတာ ဆယ်စုနှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်က တောင်တရုတ်ပင်လယ်ကို သူတို့ပိုင်ပါတယ်လို့ မပြောထားပေမယ့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ပြသတဲ့အနေနဲ့ ရေတပ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ မကြာခဏစေလွှတ်လေ့ရှိပါတယ်။

သဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်တစ်ခုလုံး နီးပါးကို တရုတ်က သူတို့ ပိုင်တယ်လို့ ပြောထားပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား ၊ ထိုင်ဝမ်နဲ့ ဘရူနိုင်းတို့ကလည်း သူတို့ရဲ့ အပိုင်းကို သူတို့ ပိုင်ဆိုင်ကြောင်း ပြောဆိုထားပါတယ်။

Ref: AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.