မော်လမြိုင်၊ဧပြီ ၂၆
တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ရိက္ခာ၊ဒေသအလိုက်အရန် ရိက္ခာဖြည့်ဆည်း မှုတွေ အတွက်မြေပြင်တာဝန်ရှိသူတွေ အာရုံစိုက်လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေးအမှတ်စဉ် ၁၃/၂၀၂၄ မှာအခုလိုပြောခဲ့တာပါ။
“ဘဏ္ဍာငွေအသုံးစရိတ်တွေကို ထိထိရောက်ရောက်နဲ့ အလေအလွင့်မရှိ အသုံးပြုနိုင်ဖို့နဲ့ တပ်ရိက္ခာ၊ဒေသအလိုက်အရန်ရိက္ခာ ဖြည့်ဆည်းမှုတွေအတွက် မြေပြင်တာဝန်ရှိသူတွေ အာရုံစိုက် လုပ်ဆောင်ကြဖို့လိုတယ်”လို့ NUG ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကိုယ့်ရဲ့ဒေသန္တရအဆင့် အုပ်ချုပ်ရေးဖော် ဆောင်မှု တာဝန်ရှိသူအဆင့်ဆင့်ကို အာဏာရှင်မဆန်ဘဲ အစိုးရပီသစွာ ပြည်သူကို အလုပ် အကျွေးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့ဖြစ်တယ်လို့ ပြောပါသေးတယ်။
ဒီမိုကရေစီထွန်းကားတဲ့ တိုင်းပြည်တွေမှာ ပြည်သူကပေးတဲ့အခွင့်အာဏာကို လက်ခံပြီး ပြည်သူ့ အရေးအတွက် တာဝန်ယူမှု/တာဝန်ခံမှုတွေနဲ့အတူ ကြိုးပမ်းဆောင်ရွက်ရတာတွေက အစိုးရ တစ်ရပ်ရဲ့ တာဝန်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
အစိုးရတာဝန်ကို စတင်ယူလိုက်ပြီဆိုထဲက အစိုးရရဲ့ ယန္တရားအဆင့်ဆင့်ဟာ မူဝါဒ၊စည်းဘောင် တွေနဲ့အညီ အလုပ်လုပ်ဆောင်ကြရပြီး ဆောင်ရွက်သမျှတိုင်းအတွက်လည်း တာဝန်ယူ၊တာဝန်ခံ မှုတွေ ပူးတွဲပါလာရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က သတိပေးထားပါတယ်။
NUG ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးတွေ၊ဒုတိယဝန်ကြီးတွေ၊ အမြဲ တမ်းအတွင်းဝန်တွေ၊တွဲဖက်အမြဲတမ်းအတွင်းဝန်တွေနဲ့ ဌာနဆိုင်ရာတွေမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG