မြောက်ဥက္ကလာ၊ဧပြီ ၂၅

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရဲစခန်းကို အားပြင်းတဲ့မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါ တယ်။

ကင်းလှည့်ဖို့ထွက်လာတဲ့ စစ်ကောင်စီ လက်ပါးစေရဲတွေကို ချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာပြန်လည်ရောက်ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုကို အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပကဖ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၂ က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ ရွှေပေါက္ကံမြို့သစ်ဒေသခံတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပေါက်ကွဲမှု ဖြစ်ပွာခဲ့တာသိရပြီး ထိခိုက်မှုအခြေအနေကိုမသိရသေးဘူးလို့ ပြန်လည်ဖြေဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြောက်ဥက္ကလာ PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.