ရေး – ဧပြီ ၁
အာဏာသိမ်းစစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ်အရှိန်မြှင့်မှာဖြစ်တဲ့အတွက် အမှတ် ၈ ပြည်ထောင်စုလမ်းမ ရေးတောင်ပိုင်းကနေ ထားဝယ် သရက်ချောင်းလမ်းပိုင်းကို သတ်မှတ် အချိန်အတွင်းသာ သွားလာခွင့်ပြုမယ်လို့ ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း သာသွားလာခွင့်ပေးတော့မှာဖြစ်တယ်လို့ ဆိုထားတာပါ။
သတ်မှတ်လမ်းပိုင်းအတွင်း နေ့အချိန်ခရီးသွားရာမှာလည်း မော်တော်ယာဉ်တွေ မှန်ချမောင်းနှင် ကြဖို့နဲ့ တာဝန်အရစစ်ဆေးမှုတွေကို ကြည်ဖြူစွာ လက်ခံကြဖို့လည်း အသိပေးထားပါတယ်။
စစ်ကောင်စီတပ်က အရပ်သုံးကားတွေကိုအသုံးပြုပြီး သွားလာတာ၊အရပ်သားအသွင်နဲ့ စစ်အင် အားဖြည့်တင်းတာတွေ ပြုလုပ်နေတဲ့အတွက် အမှတ် ၃ စစ်ဒေသခွဲအနေနဲ့ တန်ပြန်ထိုးစစ်ဆင် ကာ စစ်ရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အသိပေးထုတ်ပြန်ချက်ကို လိုက်နာဖို့ ပျက်ကွက်ပါက ဖြစ်လာမယ့် အကျိုးဆက်တွေကို ဒေါန စစ်ကြောင်းနဲ့ မဟာမိတ်တပ်ပေါင်းစုတွေက လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ အသိပေးထားပါ တယ်။
ဒေါစစ်ကြောင်းဟာ မွန်မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး အမှတ် ၈ ပြည်ထောင်စု လမ်းမပေါ်မှာ နယ်မြေစိုးမိုးမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနစစ်ကြောင်း