North Korean leader Kim Jong Un inspects field training of troops at a major military operations base in the western region of the country, as he ordered heightened readiness for war, KCNA news agency reported, in North Korea, in this picture released on March 7, 2024 by the Korean Central News Agency. KCNA via REUTERS

ပြုံယမ်း ၊ မတ် ၈

မြောက်ကိုရီးယားခေါင်းဆောင်ဟာ နိုင်ငံအနောက်ပိုင်း စစ်ဆင်ရေးအခြေစိုက်စခန်းမှာ လေ့ကျင့် မှုတွေပြုလုပ်နေတဲ့ စစ်သားတွေကို သွားရောက်တွေ့ဆုံပြီး စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ အရှိန်တိုးမြှင့်ကြဖို့ အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA မှာဖော်ပြထားပါတယ်။

တောင်ကိုရီးယားက အရင်နှစ်ကထက် စစ်သည်အင်အား နှစ်ဆကျော်ပါဝင်တဲ့ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီးနောက် ကင်ဂျုံအန်က သူရဲ့စစ်အခြေစိုက်စခန်းကို သွားရောက်ခဲ့တာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအတွက် လိုအပ်ချက်တွေနဲ့အညီ စစ်ပွဲအတွက် အသင့်ရှိမှုကို အရှိန်မြှင့်တင်ရေး ကြိုးပမ်းကြဖို့ ကင်ဂျုံအန်က မြောက်ကိုရီးယားစစ်သားတွေကို တိုက်တွန်းခဲ့တယ်လို့ KCNA မှာဖော်ပြထားပါတယ်။

စစ်ပွဲအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ တိုက်ခိုက်ရေးစွမ်းရည်အမြန်ဆုံး တိုးတက်အောင် လုပ်ဆောင်ကြဖို့လည်း ခေါင်းဆောင်ကင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ကင်ဂျုံအန်က အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ မိမိတို့နိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့ ကြိုတင်လေ့ကျင့်နေတာဖြစ်တယ်လို့ ပြောခဲ့ပြီး ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီစစ်အခြေစိုက်စခန်းမှာ မြောက်ကိုရီးယားစစ်သားတွေက တကယ့်စစ်ပွဲမှာ ပါဝင်တိုက်ခိုက် နေသလို လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့ KCNA က အသိပေးထားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ သူတို့ရဲ့မှားယွင်းတဲ့ လုပ်ရပ်တွေအတွက် ကြီးကြီးမား မားပြန်လည်ပေးဆပ်ရမှာဖြစ်တယ်လို့လည်း မြောက်ပိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုထားပါတယ်။

မြောက်ကိုရီးယားဟာ သူတို့ရဲ့ စစ်တပ်ကို ခေတ်မှီအောင်လုပ်ဆောင်နေသလို ဒီနှစ်အတွင်းမှာ လည်း ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.