ရန်ကုန်၊ မတ် ၁
စစ်ကောင်စီရဲ့ စစ်လေယာဉ်၊စစ်ရဟတ်တွေမှာ အသုံးပြုမယ့် လေယာဉ်ဆီ သယ်ဆောင်လာတဲ့ လေယာဉ်ဆီတင် သင်္ဘောကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွှတ်အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
ရန်ကုန် MEC ထီးတန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အဲဒီလေယာဉ်ဆီတင်သင်္ဘောကို မနေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ ညနက်ပိုင်းမှာ ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
လေယာဉ်ဆီတင်သင်္ဘော တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG