Russian President Vladimir Putin delivers his annual address to the Federal Assembly, in Moscow, Russia, February 29, 2024. REUTERS/Evgenia Novozhenina

မော်စကို ၊ မတ် ၂

အနောက်အုပ်စုအနေနဲ့ ယူကရိန်းစစ်ပွဲကို စစ်အရှိန်မြင့်လာအောင်လုပ်ဆောင်နေပါက နျူစစ်ပွဲဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိလာမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးလိုက်ပါတယ်။

မော်စကိုမြို့မှာပြောခဲ့တဲ့ နှစ်စဉ်မိန့်ခွန်းမှာ ပူတင်က အနောက်တိုင်းအနေနဲ့ ဘယ်နိုင်ငံကမဆို ယူကရိန်းကို စစ်သားတွေ စေလွှတ်ခဲ့မယ်ဆိုပါက ဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

အနောက်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ မိမိတို့ဆီမှာ ရှိနေတယ်ဆိုတာကို တွေးမိသင့်တယ်လို့ ဆိုထားသလို သူတို့ရဲ့လုပ်ရပ်မှန်သမျှဟာ နျူကလီးယား လက်နက်တွေအသုံးပြုတိုက်ခိုက်နိုင်တဲ့ ပဋိပက္ခဖြစ်လာစေဖို့ အန္တရာယ်တွေ ဖန်တီးနေတာ ဖြစ်တယ်လို့ ပူတင်က ပြောပါသေးတယ်။

ပူတင်ရဲ့ အခုလိုနျူကလီးယားလက်နက်အသုံးပြုမယ်ဆိုပြီး မကြာခဏပြောဆိုနေတာတွေကို လည်း အနောက်အုပ်စု ခေါင်းဆောင်တွေက ပြစ်တင်ဝေဖန်ထားကြပါတယ်။

အမေရိကန်နဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူညီမှုတွေကနေ ရုရှားကို ဆွဲထုတ်ပြီးနောက် ပူတင်က သူ့ရဲ့နျူကလီးယားတပ်ဖွဲ့ အားလုံးနီးပါးကို ခေတ်နဲ့ လျော်ညီအောင် လုပ်ဆောင်ထား ပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။

ယူကရိန်းကိုပေးပို့မယ့် နောက်ထပ်အကူအညီတွေကို အမေရိကန်လွှတ်တော်က သဘောတူခွင့်ပြုဖို့ ခက်ခဲနေချိန်မှာ ရုရှားတပ်တွေ မြေပြင်တိုက်ပွဲတွေမှာ အောင်ပွဲခံနေတယ်လို့ သိရပါတယ်။

မိမိတို့ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ အဆပေါင်းများစွာ တိုးတက်လာခဲ့တယ်လို့ ပူတင်က ပြောခဲ့ပြီး သူ့ရဲ့မိန့်ခွန်းကို နိုင်ငံပိုင်ရုပ်သံလိုင်းတွေ၊ရုပ်ရှင်ရုံတွေနဲ့ နိုင်ငံတဝှမ်းမှာရှိတဲ့ ဒစ်ဂျစ်တယ် ဖန်သားပြင်ကြီးတွေနဲ့လည်း ပြသခဲ့တယ်လို့ သိရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.