February 2024

စစ်အာဏာသိမ်း (၁၁၂၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၉၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈ AAPP ရဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၂၂) ရက်အတွင်း ပြည်သူ (၄၅၉၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၁၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၃၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်မှုထမ်းဥပဒေကြောင့် ချောက်ကမ်းပါးဆိုက်လာတဲ့ မြန်မာလုပ်ငန်းခွင်တွေ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈ အရေးမလှဖြစ်နေတဲ့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေ အလုံးအရင်းနဲ့ ပြည်ပထွက်ခွာမှု မြင့်တက်လာတဲ့အတွက် လုပ်ငန်အများစု ရပ်နားရမယ့် ကိန်းဆိုက်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက တစ်ညီတစ်ညွတ်တည်း ပြောဆိုလာပါတယ်။ အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းဆောင်ရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး အာဏာတည်စေရမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်ပါတယ်။ အဲဒီဥပဒေအရ အမျိုးသားဟာ…

ချောင်းနှစ်ခွကျေးရွာထဲ စစ်တပ်ကမ‌ပေးဝင်လို့ ဒေသခံတွေ နေရပ်မပြန်ရ

ကျိုက်မရော၊ ဖေဖော်ဝါရီ ၂၈ မွန်ပြည်နယ် ကျိူက်မရောမြို့နယ် ချောင်းနှစ်ခွဒေသမှာ တိုက်ပွဲမရှိတော့တဲ့အတွက် ဒေသခံတွေ နေအိမ်ပြန်လိုကြပေမယ့် ကျေးရွာထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာထဲပေးမဝင်တာကြောင့် နေရပ်မပြန်ရသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကစတင်ခဲ့တဲ့ ချောင်းနှစ်ခွနယ်ရဲစခန်းနဲ့ အတ္ထရံတံတားဂိတ်စခန်း တိုက်ပွဲတွေကြောင့် ချောင်းနှစ်ခွဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ၄ လနီးပါး ရှိလာပြီဖြစ်ပါတယ်။…

တော်လှန်ရေးအစိုးရဟာ နှေးကွေးနေလို့မရကြောင်း NUG ယာယီသမ္မတ သတိပေး

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အစိုးရတစ်ရပ်ဟာ လေးကန်နှေးကွေးနေလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြု လုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ သတိပေးလိုက်ပါတယ်။ ခုခံတော်လှန်စစ်ရလဒ်တွေကို လက်တွေ့မြေပြင်မှာ ထင်ထင်ရှားရှားပြသနိုင်မှသာ လူထုရဲ့ ဘေးဒုက္ခတွေဟာ အမြန်ကင်းလွတ်မှာ ဖြစ်တဲ့အတွက် စစ်အုပ်စုကို အလျင်အမြန်ဖယ်ရှားနိုင်ရေးဟာ…

ကရင် BGF တပ်သားသစ် စုဆောင်းပြီး စစ်သင်တန်းပို့ချနေ

ဘားအံ ၊ ဖေဖော်ဝါရီ ၂၈ စစ်ကောင်စီလက်အောက်ခံအဖြစ်ကနေ နှုတ်ထွက်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ က ရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက ကျေးရွာတွေထဲမှာ တပ်သားသစ်စုဆောင်းခေါ်ယူပြီး စစ်သင် တန်းတွေပါ လုပ်ဆောင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်ကနေ အသက် ၄၅ နှစ်အောက် အမျိုးသားတွေကို…

ဂျပန်က အာဆီယံ လေးနိုင်ငံကို လုံခြုံရေးအကူအညီပေးမယ်

တိုကျို၊ ဖေဖော်ဝါရီ ၂၈ တောင်တရုတ်ပင်လယ်မှာ လုံခြုံရေးတိုးမြှင့်ဖို့ အာဆီယံအဖွဲ့ဝင် လေးနိုင်ငံဖြစ်တဲ့ မလေးရှား၊အင်ဒိုနီးရှား၊ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကို ၁၀ နှစ်ကြာ ရေပြင်လုံခြုံရေးအကူအညီပေးဖို့ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က စီစဉ်နေပါတယ်။ လုံခြုံရေးအနေအထားအရ အဲဒီ လေးနိုင်ငံဟာ ဂျပန်အစိုးရအတွက် ထိပ်တန်းဦးစားပေးနိုင်ငံတွေ ဖြစ်တယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။ ဒေသတွင်းအငြင်းပွားနေတဲ့ ရေပြင်မှာ တရုတ်ရဲ့ကိုယ်ပိုင်နယ်မြေလို…

ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရဖို့ ဘိုင်ဒန် မျှော်လင့်နေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့်သီတင်းပတ်အတွင်း ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ ပါလက်စတိုင်းနယ်မြေမှာ လူသားချင်းစာနာထောက်ထားရေး အခြေအနေဆိုးရွားနေချိန် အီဂျစ်၊ ကာတာ၊အမေရိကန်၊ပြင်သစ်နဲ့ တခြားနိုင်ငံတွေက အစ္စရေးနဲ့ ဟားမာ့စ်အဖွဲ့ကြား ကြားဝင် ဖြေရှင်းဖို့ ကြိုးပမ်းနေပြီး တိုက်ခိုက်မှုတွေရပ်တန့်ရေးနဲ့ ဓားစာခံတွေပြန်လည်လွတ်မြောက်ရေး လုပ်ဆောင်နေကြတာပါ။ ဒီသဘောတူညီမှုမှာတော့ အစ္စရေးက သူတို့ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသား ရာပေါင်းများစွာကို…

ရေတာရှည်က ကျေးရွာတွေကို PDF ပစ်ခတ်လို့ ကလေးတွေအပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်က ကျေးရွာ ၃ ရွာကို PDF တွေပစ်ခတ်လို့ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက သတင်းမှားဖြန့် နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို…

ပွင့်ဖြူမှာ စစ်တပ်ထောက်ခံသူတွေက စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ပွင့်ဖြူ – ဖေဖော်ဝါရီ ၂၇ မကွေးတိုင်း၊ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ စစ်ကောင်စီထောက်ခံသူတွေက စစ်မှုထမ်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ရဲနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို စစ်ကောင်စီလက်အောက်ခံတွေဘက်က တစ်အိမ်တစ်ယောက်မဖြစ်မနေတက်ရ မယ်လို့ခေါ်ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲမှာလည်း စစ်မှုမထမ်းရင် အရေးယူမယ့်အကြောင်းတွေကို ခြိမ်းခြောက်သွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။…

ကော့ကရိတ်မြို့သိမ်းပိုက်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ KNU ပြော

ကော့ကရိတ်၊ ဖေဖော်ဝါရီ ၂၇ ကရင်ပြည်နယ် ကော့ကရိတ်မြို့တစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ တော်လှန်ရေးအင်အားစု ပူး ပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ…