မြိ

တ်၊ ဖေဖော်ဝါရီ ၂၉

တနင်္သာရီတိုင်း မြိတ်အကျဉ်းထောင်ကနေ အကျဉ်းသား ၁၅၀ ဦး ထောင်ပြောင်းခံရပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ နီးပါး ပါဝင်နိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နဲ့ ထောင်အာဏာပိုင်တွေဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်မှာ အကျဉ်းသူ၊အကျဉ်းသား ၁၅၀ ကို သင်္ဘောနဲ့ ကော့သောင်းအကျဉ်းထောင်ထံ ပြောင်း ရွှေ့သွားခဲ့တာပါ။

အကျဉ်းသားတွေကို အချိန်မတော်ထောင်ပြောင်းမှုကို မိသားစုဝင်တွေတောင် သိရှိခဲ့ခြင်းမရှိဘူးလို့ PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထောင်ပြောင်းမှုဟာ စစ်ရေးရှုံးနိမ့်လာတဲ့ စစ်ကောင်စီဘက်က အကျဉ်းသားတွေကိုခွဲထုတ်ပြီး ပိုမိုတင်းကျပ်စွာဖိနှိပ်ဖို့ လုပ်လာနိုင်တယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီဟာ မြိတ်အကျဉ်းထောင်က အကျဉ်းသား ၃၀၀ နီးပါးကို ပထမဆုံးအကြိမ် ကော့သောင်းအကျဉ်းထောင်ထံ ပြောင်းရွှေ့ခဲ့ပါသေးတယ်။

အခုလို အကျဉ်းသားတွေကို ဝေးလံတဲ့နေရာတွေကို ပို့ဆောင်မှုကြောင့် မိသားစုဝင်တွေအနေနဲ့ လမ်းခရီးအခြေအနေတွေနဲ့ တိုက်ပွဲတွေကြောင့် ထောင်ဝင်စာတွေ့ဖို့ ခက်ခဲလာနိုင်တယ်လို့ နိုင်ငံ ရေးအကျဉ်သားအရေး ကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ထောင်ပြောင်းစဉ် ထွက်ပြေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပစ်ခတ်သတ်ဖြတ်တဲ့ဖြစ်စဉ်တွေ မကြာခဏလို ဖြစ်ပေါ်နေပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အကျဉ်းထောင်တွေမှာ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.