စလင်း – ဖေဖော်ဝါရီ ၂၉
မကွေးတိုင်း၊စလင်းမြို့နယ်မှာ စစ်ကောင်စီတိုက်လေယာဉ်တစ်စီးပျက်ကျခဲ့တယ်လို့ ဒေသခံတွေ က သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေလည် ၁ နာရီဝန်းကျင်မှာ ပျက်ကျခဲ့တာဖြစ်ပြီး တိုက်လေယာဉ် အဖြူလိုသာ လက်တလောသိထားပြီး အမျိုးအစားကိုတော့ မသိရသေးပါဘူး။
အဲဒီတိုက်လေယာဉ်ဟာ ကြူဝန်းရွာ တာဝါတိုင်နားမှာ မီးခိုတွေအူထွက်ပြီး ပျက်ကျခဲ့တာဖြစ် တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ လေယာဉ်ပျက်ကျခဲ့တဲ့နေရာကို စစ်ကောင်စီလေယာဉ်နှစ်စီးက ရှာဖွေမှုတွေ ပြုလုပ်နေပြီး ပွင့်ဖြူမြို့နယ်က မီးသတ်၊ရဲနဲ့ စစ်ကောင်စီတပ်သားတွေလည်း ရောက်ရှိနေတယ် လို့ သိရပါတယ်။
ပျက်ကျသွားခဲ့တဲ့ လေယာဉ်ထဲကနေ လေယာဉ်မှူးဖြစ်သူကတော့ လေထီးနဲ့ ခုန်ထွက်လာနိုင် တယ်လို့လည်း ဒေသခံတွေက ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ