ဘီးလင်း၊ ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ် ဘီးလင်းမြို့နယ် နောင်ကတုတ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ပစ် ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ဖေဖော် ဝါရီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဝင်းတာပန်စခန်းကနေ လေးကေဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းမှာတွေ့တဲ့ ဒေသခံအမျိုးသားတစ်ဦးကို သေနတ်နဲ့အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဝင်းတာပန်အထက်ကျေးရွာနေ အသက် ၃၃ နှစ်အရွယ် စောချဝေါ် ဘယ်လက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒေသခံအမျိုးသားဟာ ဟင်းသီးဟင်းရွက်ရှာပြီးနောက် ဝါးခုတ်နေစဉ် စစ်ကောင်စီတပ်နဲ့တိုးပြီး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တို့ကလည်း ဝင်းတာပန်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဝင်းတာပန်းကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ကနေ ဝင်းတာပန်ကျေးရွာထဲ လက် နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ နော်မုလော်ကလော် ပိုင်ဆိုင်တဲ့ ၅ ဧကကျယ်ဝန်းတဲ့ ရော် ဘာခြံတစ်ခုလုံး မီးလောင်ပျက်စီးထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU