February 27, 2024

ဂျပန်က အာဆီယံ လေးနိုင်ငံကို လုံခြုံရေးအကူအညီပေးမယ်

တိုကျို၊ ဖေဖော်ဝါရီ ၂၈ တောင်တရုတ်ပင်လယ်မှာ လုံခြုံရေးတိုးမြှင့်ဖို့ အာဆီယံအဖွဲ့ဝင် လေးနိုင်ငံဖြစ်တဲ့ မလေးရှား၊အင်ဒိုနီးရှား၊ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကို ၁၀ နှစ်ကြာ ရေပြင်လုံခြုံရေးအကူအညီပေးဖို့ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က စီစဉ်နေပါတယ်။ လုံခြုံရေးအနေအထားအရ အဲဒီ လေးနိုင်ငံဟာ ဂျပန်အစိုးရအတွက် ထိပ်တန်းဦးစားပေးနိုင်ငံတွေ ဖြစ်တယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။ ဒေသတွင်းအငြင်းပွားနေတဲ့ ရေပြင်မှာ တရုတ်ရဲ့ကိုယ်ပိုင်နယ်မြေလို…

ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရဖို့ ဘိုင်ဒန် မျှော်လင့်နေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့်သီတင်းပတ်အတွင်း ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ ပါလက်စတိုင်းနယ်မြေမှာ လူသားချင်းစာနာထောက်ထားရေး အခြေအနေဆိုးရွားနေချိန် အီဂျစ်၊ ကာတာ၊အမေရိကန်၊ပြင်သစ်နဲ့ တခြားနိုင်ငံတွေက အစ္စရေးနဲ့ ဟားမာ့စ်အဖွဲ့ကြား ကြားဝင် ဖြေရှင်းဖို့ ကြိုးပမ်းနေပြီး တိုက်ခိုက်မှုတွေရပ်တန့်ရေးနဲ့ ဓားစာခံတွေပြန်လည်လွတ်မြောက်ရေး လုပ်ဆောင်နေကြတာပါ။ ဒီသဘောတူညီမှုမှာတော့ အစ္စရေးက သူတို့ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသား ရာပေါင်းများစွာကို…

ရေတာရှည်က ကျေးရွာတွေကို PDF ပစ်ခတ်လို့ ကလေးတွေအပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်က ကျေးရွာ ၃ ရွာကို PDF တွေပစ်ခတ်လို့ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက သတင်းမှားဖြန့် နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို…

ပွင့်ဖြူမှာ စစ်တပ်ထောက်ခံသူတွေက စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ပွင့်ဖြူ – ဖေဖော်ဝါရီ ၂၇ မကွေးတိုင်း၊ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ စစ်ကောင်စီထောက်ခံသူတွေက စစ်မှုထမ်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ရဲနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို စစ်ကောင်စီလက်အောက်ခံတွေဘက်က တစ်အိမ်တစ်ယောက်မဖြစ်မနေတက်ရ မယ်လို့ခေါ်ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲမှာလည်း စစ်မှုမထမ်းရင် အရေးယူမယ့်အကြောင်းတွေကို ခြိမ်းခြောက်သွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။…

ကော့ကရိတ်မြို့သိမ်းပိုက်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ KNU ပြော

ကော့ကရိတ်၊ ဖေဖော်ဝါရီ ၂၇ ကရင်ပြည်နယ် ကော့ကရိတ်မြို့တစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ တော်လှန်ရေးအင်အားစု ပူး ပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ…

စစ်တပ် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဘီးလင်းဒေသခံတစ်ဦး ဒဏ်ရာရ

ဘီးလင်း၊ ဖေဖော်ဝါရီ ၂၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် နောင်ကတုတ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ပစ် ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ဖေဖော် ဝါရီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဝင်းတာပန်စခန်းကနေ လေးကေဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းမှာတွေ့တဲ့ ဒေသခံအမျိုးသားတစ်ဦးကို သေနတ်နဲ့အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။…

အမှတ်(၉)တိုင်းဗဟိုသင်တန်းကျောင်း နေရာအများစုကို AA သိမ်းပိုက်

မင်းပြား၊ ဖေဖော်ဝါရီ ၂၇ ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းရဲ့ အစိတ်အပိုင်းအများစုကို သိမ်းပိုက်ရရှိထားပြီလို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မင်းပြားမြို့မှာ တစ်ခုတည်းကျန်ရှိတဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇…

စစ်အာဏာသိမ်း (၁၁၂၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၉၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၇ AAPP ရဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၂၁) ရက်အတွင်း ပြည်သူ (၄၅၉၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၁၉၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၁၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ကော့ကရိတ်မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီလို့ NUG ပြော

ကော့ကရိတ်၊ ဖေဖော်ဝါရီ ၂၇ ကရင်ပြည်နယ် ကော့ကရိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေနဲ့ ဂိတ် ၉ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်း စိုးမိုးထိန်းချုပ်ထားပြီလို့ NUG ရဲ့ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ ၆ နယ်မြေ၊ ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း)နဲ့…

နေပြည်တော်ကို နောက်ဆုံးခံတပ်အဖြစ် စစ်ကောင်စီပြင်ဆင်

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၇ အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက ဌာနချုပ်ရှိရာ နေ ပြည်တော် ကောင်စီနယ်မြေမှာ စစ်ရေးနဲ့ဆိုင်တဲ့ စီမံချက်အသစ်တွေကို ပြင်ဆင်ရေးဆွဲခိုင်းနေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာနေပါတယ်။ နေပြည်တော်ရှိ ရေဆင်းနဲ့ပျဉ်းမနားမြို့နယ်တွေမှာ တပ်နယ်အလိုက် မဆုတ်တမ်းခံစစ်၊ တန်ပြန်တိုက်စစ်နဲ့ စီမံချက်တွေကို အသစ်ရေးဆွဲခိုင်းနေတဲ့အကြောင်း တပ်တွင်းသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ…