ဒါကာ၊ ဖေဖော်ဝါရီ ၂၇

မျိုးတုန်းနိုင်တဲ့ အန္တရာယ်ကြီးကြီးမားမားကျရောက်နေတဲ့ ဆင်တွေကို မမွေးစားဖို့နဲ့ အသုံးချ ခိုင်းစေတာမျိုးတွေ မပြုလုပ်ရဘူးလို့ ဘင်္ဂလားဒေ့ရှ်တရားရုံးက အမိန့်ထုတ်ပြန် လိုက်ပါတယ်။

အာရှဆင်ပေါက်ကလေးတွေကို ဖမ်းဆီးအသုံးချ ခိုင်းစေမှု လိုင်စင်အားလုံး ရုတ်သိမ်းရေး အထက်တရားရုံးရဲ့ အမိန့်ကို တိရိစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြတာပါ။

ဘင်္ဂလားဒေ့ရှ်မှာ ဆင်တွေကို တောင်းရမ်းစားသောက်ရာမှာ၊ဆက်ကပ်တွေနဲ့ လမ်းဘေး ဖျော်ဖြေပွဲတွေမှာ အသုံးချ ခိုင်းစေမှုတွေရှိနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘင်္ဂလားဒေ့ရှ် မှာ ဆင်ကောင်ရေ ၂၀၀ လောက်ရှိပြီး ထက်ဝက်လောက်ကို လူတွေဖမ်းဆီးထားတာဖြစ်ပါတယ်။

အရင်က ဘင်္ဂလားဒေ့ရှ်ဟာ အာရှဆင်အများဆုံးနေထိုင်ရာ နိုင်ငံတစ်ခုဖြစ်ခဲ့ပေမယ့် ဖမ်းဆီးသတ်ဖြတ်မှုနဲ့ စားကျက်နယ်မြေဆုံးရှုံးမှုတို့ကြောင့် အကောင်ရေသိသိသာသာ လျှော့ကျသွားတာပါ။

အရင်ကတော့ သစ်တောဌာနက သစ်ခုတ်လုပ်ငန်းတွေအတွက် သစ်ဆွဲဆင်တွေအဖြစ်အသုံးချ နိုင်ဖို့ ဆင်ပေါက်လေးတွေကို ဖမ်းဆီးခွင့်လိုင်စင်ထုတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆင်တွေကိုလည်း လိုင်စင်သတ်မှတ်ချက်အတိုင်းမလုပ်ဘဲ ဆပ်ကပ်တွေထဲပို့တာတွေ ရှိခဲ့သလို တခြားအသုံးချခိုင်းစေမှု ပုံစံအမျိုးမျိုးနဲ့ ကြုံတွေ့နေရတာပါ။

ပြီးခဲ့တဲ့နှစ်က ဆင်ပျိုလေးတစ်ကောင် ရထားတိုက်ခံရလို့ သေဆုံးပြီးနောက်ပိုင်း ဆင်တွေရဲ့ ဒုက္ခကို လူအများအာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။

ဆင်တွေကို အသုံးချစေခိုင်းရာမှာ နှိပ်စက်မှုတွေရှိနေသလို အချိန်အကြာကြီး ခြေကျင်းခတ်ထားတာ၊အရွယ်မတိုင်ခင် မိခင်နဲ့ ခွဲထားတာတွေရှိတယ်လို့ တိရိစ္ဆာန်စောင့်ရှောက်ကာကွယ်ရေးအဖွဲ့ က အသိပေးထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း လမ်းဘေးမှာ တောင်းရမ်းစားသောက်ဖို့ အသုံးချခံနေရတဲ့ ဆင်တွေကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ရတာတွေရှိတယ်လို့ သိရပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.