မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ပျူစောထီးကျေးရွာအခြေစိုက် ပျူစောထီးအဖွဲ့က ပတ်ဝန်းကျင်ကျေးရွာတွေက အရပ်သားပြည်သူ ၁၀ ဦးကိုသတ်ဖြတ်ခဲ့ပေမယ့် PDF တွေလုပ် ဆောင်တာဆိုပြီး ဝါဒဖြန့်နေတာကို စိစစ်ပေးသွားမှာပါ။ 

ဒီအကြောင်းကို သတင်းတမာန်၊ Kyaw Swar ၊ Saw Ba Maung၊ ဟန်ငြိမ်းဦးနဲ့ နောင်ရိုးစစ်သည် စတဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ အကောင့်တုတွေက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဓာတ်ပုံ တွေနဲ့တကွ သတင်းမှားဖြန့်နေတာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ မြောက်ခင်ရန်းရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကြောင်းထိုးပြီး အရပ်သား ၁၀ ဦးကို PDF ကိုစွပ်စွဲကာ သတ်ဖြတ်တာတွေရှိခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါ ပ.အ.နဲ့ လွတ်တပ်သော သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

RFA သတင်းမှာတော့ စစ်ကောင်စီးတပ်သားတွေဟာ အရပ်သားတွေလို့ စွပ်စွဲဖမ်းဆီးပြီး ဘုရားကုန်းရွာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဖောပြထားပါတယ်။ 

ဂန့်ဂေါ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်ချက် 

https://mobile.facebook.com/story.php?story_fbid=pfbid0Zpd9XS1Tiy4FKr1SWV6BiJmyjMbbzHibfZBBLJpAR6Hi4boDm7pRkiv7EFxsSKxEl&id=100075690286746&mibextid=Nif5oz&_rdc=1&_rdr

RFA သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://web.facebook.com/rfaburmese/posts/pfbid02XVkNHv1dkp8j3s7pmNY9ZpgfQtAfFQQQKhQXSagpUj8PJjrXSPndpVkBZMX3yZqpl

Mizzima သတင်းဌာနကဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid034Uai9B2UNuTLQePv5fT53jggecdRQc2tecnzgbvvuagHNSCi5YhdRTPJK9GbkV3el&id=100067928020493&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.