U.S. Representative Jim Clyburn (D-SC) stands for a portrait before the South Carolina Democratic presidential primary in Columbia, South Carolina, U.S., January 26, 2024. REUTERS/Shannon Stapleton

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၄

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက ပြဿနာနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ရေး အမေရိကန်အစိုးရကို ဖိအားပေးဖို့ ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်နှစ်ရပ် ပူးပေါင်းပြီး Burma Caucus အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲကို အမေရိကန်လွှတ်တော်က ကူညီနိုင်ရေး Burma Caucus အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး မီချီဂန်ပြည်နယ် ရီပက်ပလစ်ကန် လွှတ်တော်အမတ် ဘေးလ် ဟူဇန်ဂါနဲ့ မင်နီဆိုတာ ပြည်နယ် ဒီမိုကရက် လွှတ်တော်အမတ် ဘက်တီ မက်ကိုလွန်တို့က ဦးဆောင်မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားရေး ပြဿနာဟာ လွှတ်တော်ခေါင်းဆောင်တွေ အရေးတကြီး အာရုံစိုက်ဖို့ လိုအပ်လာတဲ့ အဆင့်ထိ ကြီးထွားလာခဲ့ပြီဖြစ်တယ်လို့ လွှတ်တော်အမတ်နှစ်ဦးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအဖွဲ့မှာ ကနဦးအဖွဲ့ဝင်အနေနဲ့ အမေရိကန်လွှတ်တော်အမတ် အနည်းဆုံး ၃၀ ပါဝင်မှာ ဖြစ်ပြီး ယူကရိန်းစစ်ပွဲ၊ဂါဇာစစ်ပွဲ၊တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုတွေလိုပဲ မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ရေး Burma Caucus ဖွဲ့စည်းနိုင်ရေး ကူညီခဲ့တဲ့ မြန်မာနိုင်ငံတော်သစ်အတွက် လှုပ်ရှားမှု Campaign for a New Myanmar အဖွဲ့ခေါင်းဆောင် ခရစ္စတီးနား ကူကီက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အာဏာပိုင်တွေရဲ့ ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်အစိုးရက သိမ်းဆည်းထားပြီး မြန်မာနိုင်ငံအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးအပ်ဖို့ ပြီးခဲ့တဲ့နှစ် လွှတ်တော်က ဥပဒေအရ ခွင့်ပြုခဲ့ပြီးနောက် အာဏာသိမ်းမှုဆန့်ကျင်ရေးအင်အားစုတွေကို အစိုးရက ပိုမိုကူညီပေးရေး တက်ကြွလှုပ်ရှားသူတွေက အလိုရှိနေပါတယ်။

ဝါရှင်တန်က မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ စစ်တပ်အတွက် လက်နက်ထုတ်လုပ်နိုင်ရေး ကူညီပေးနေတဲ့ လူပုဂ္ဂိုလ်တွေကို အရေးယူပိတ်ဆို့မှု ပြုလုပ်ပြီးနောက် ဒီအစီအစဉ်ထွက်ပေါ်လာတာပါ။

Burma Caucus အဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့အတွက် အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ဦးခန့်အပ်ဖို့ ရှိနေပြီး ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို အရင်ကထက် ပိုမိုကူညီပေးနိုင်ငံရေး လုပ်ဆောင်လာနိုင်တယ်လို့ အမေရိကန် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာ ဒေါ်မီမီဝင်းဘက်က VOA နဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.