ညောင်လေးပင်၊ ဖေဖော်ဝါရီ ၃

တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် ၂၄ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၃) ညောင်လေးပင်(ခလယ်လွီထူခရိုင်) ကွန်ကရက်ကနေ ခေါင်းဆောင်တွေကို ပြန်လည်ရွေးချယ်တင်မြှောက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

KNU ညောင်လေးပင်ခရိုင်ကွန်ကရက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၁၂ ရက်ကြာ ခရိုင်ဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ကိုယ်စားလှယ် ၈၅ ဦး တက်ရောက်ခဲ့တာပါ။

ကွန်ကရက်ကနေ ခရိုင်ဥက္ကဋ္ဌအဖြစ် ပဒိုစောအယ်ကလူသိန်း၊ ခရိုင်ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချုပ်စောလေးတရော်၊ ခရိုင်အတွင်းရေးမှူးအဖြစ် ပဒိုစောလာဖိုး ၊ ခရိုင်တရားသူကြီး ပဒိုစောခါးမဲအပါအဝင် အမြဲတမ်းကော်မတီဝင် ၂၁ ဦးကို ရွေးချယ်နိုင်ခဲ့ပါတယ်။

ရွေးကောက်တင်မြှောက်ခံရတဲ့ ခရိုင်အမြဲတမ်းကော်မတီဝင်တွေဟာ ၂၀၂၄ခုနှစ်မှ ၂၀၂၈အထိ KNU ညောင်လေးပင်ခရိုင်ကို ဦးဆောင်တာဝန်ယူရမယ့်သူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

KNU ညောင်လေးပင်ခရိုင်ရဲ့ ကျောက်ကြီး၊ ညောင်လေးပင်၊ မုန်းနဲ့ ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ နေ့စဉ်နဲ့အမျှ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

အာဏာသိမ်းကာလအတွင်း KNU ညောင်လေးပင်ခရိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေ သခံပြည်သူ လူထု ၂၄၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ KNU ဗဟိုက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.