February 1, 2024

အမေရိကန်ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖက်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတ ကတိပေး

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂ အမေရိကန်နိုင်ငံရဲ့ လာမယ့် ၂၀၂၄ ခုနှစ်မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို တရုတ်အနေနဲ့ ကြားဝင် စွက်ဖက်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်းက ဂျိုးဘိုင်ဒန်ကို ကတိပေးခဲ့ တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်အမျိုးသားလုံခြုံရေး အရာရှိတို့ တွေ့ဆုံချိန်မှာလည်း အဲဒီလိုကတိစကားကိုပဲ တရုတ်ဘက်က ထပ်မံအာမခံခဲ့တယ်လို့ ဆွေးနွေးမှုနဲ့ နီးစပ်သူတွေက CNN…

စစ်ကောင်စီကို အမေရိကန် အရေးယူပိတ်ဆို့မှု ထပ်မံချမှတ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂ အမေရိကန်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းနှစ်ခုနဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားပြီး အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်လိုက်ပါ တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ချမှတ်ခဲ့တဲ့အရေးယူပိတ်ဆို့မှုတွေဟာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အသုံးပြုနေတဲ့ လောင်စာနဲ့ စစ်တပ်ရဲ့ လက်နက် ထုတ်လုပ်နိုင်စွမ်းကို လျှော့ချရေး…

စစ်တပ်က ဘုန်းကြီးကျောင်းကိုလေယာဉ်နဲ့ ဗုံးကြဲပြီး ကိုးကန့်အဖွဲ့လုပ်တာလို့ သတင်းအမှားဖြန့်

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ MNDAA က ဒေသခံတွေကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းတွေပါမကျန် ဗုံးခွဲဖျက်ဆီးခဲ့လို့ ဒေသခံတွေ ငိုကြွေးနေကြတယ်လို့ စစ်တပ်လော်ဘီတွေက သတင်းမှားဖြန့်ဝေနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို ဟန်ငြိမ်းဦး၊အောင်စစ်သည်၊Saw Ba Maung၊ဘညွန့်စတဲ့ စစ်တပ်လော်ဘီ…

မွန်ပြည်နယ်မှာ အာဏာသိမ်းသုံးနှစ်အတွင်း အရပ်သား ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁ စစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှု သုံးနှစ်တာအတွင်း မွန်ပြည်နယ်မှာ အရပ်သားပြည်သူ ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၉၀၀ ကျော် မတရားဖမ်းဆီးခံခဲ့ရတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် ဇန်နဝါရီ ၃၁ ရက်နေ့ ညပိုင်းမှာ မွန်ပြည်သူတွေကိုပေးပို့တဲ့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF…

ဘီးလင်းမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့

ဘီးလင်း၊ ဖေဖော်ဝါရီ ၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူပိုင် နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၄) အမြောက်တပ်နဲ့ အမှတ်(၂၀၈) ခြေမြန်တပ်ရင်းတို့ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က တစ်နေ့လုံးနီးပါး ဝင်းတာပန်ကျေးရွာထဲကို…

ပုလောတိုက်ပွဲမှာ တပ်ခွဲမှူးအပါအဝင် တော်လှန်ရေးရဲဘော် ၅ ဦး ကျဆုံး

ပုလော၊ ဖေဖော်ဝါရီ၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တပ်ခွဲမှူးအပါအဝင် မဟာမိတ်ပူးပေါင်းတပ်က ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းမှာ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီနဲ့ပျူစောထီးပူးပေါင်းတပ်စ ခန်းကို ဒေသတော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ တာပါ။…

စစ်အာဏာသိမ်း (၁၀၉၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၇၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁ AAPP ရဲ့ ဇန်နဝါရီ (၃၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၉၅) ရက်အတွင်း ပြည်သူ (၄၄၇၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၉၃၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အရေးမလှဖြစ်နေတဲ့ စစ်ကောင်စီက တင်းကျပ်ထားတဲ့ နိုင်ငံရေးပါတီဥပဒေဖြေလျှော့

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ နောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို တင်းကျပ်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဌာန်းပြီး တစ်နှစ်နီးပါးအကြာမှာပဲ စစ်ကောင်စီက ဖြေလျှော့တာတွေ လုပ်ဆောင်လာပါတယ်။ ဇန်နဝါရီ ၃၀ ရက်နေ့မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ လက်မှတ်ရေးထိုးပြီး ပုဒ်မတချို့ကို…

ကရင်ပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွားလာ

ဘားအံ၊ ဖေဖော်ဝါရီ ၁ ကရင်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းအန္တရာယ် တစ်စထက်တစ်စ ပိုမိုကြီးထွားလာပြီး အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ မိသားစုစားဝတ်နေရေးအပေါ် ဆိုးရွားစွာ ခြိမ်းခြောက်လာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က ကရင် ပြည်နယ်၊ ဖာပွန်ခရိုင်၊ ထီးခယ်ခီးရွာသား အမျိုးသားတစ်ဦးဟာ မိုင်းနင်းမိပြီး…

ဘီးလင်း ဝင်းတာပန်တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး

ဘီးလင်း၊ ဖေဖော်ဝါရီ ၁ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းတိုက်ပွဲအ တွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ ဝင်းတာပန်စခန်းကို မနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်သိမ်းပိုက်ဖို့…