January 2024

ပျူစောထီးတွေကြိုဆိုနေတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူတွေဆိုပြီး မြဝတီချန်နယ် လိမ်လည် ဝါဒဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျကြိုဆိုနေတယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်သံ က ဓာတ်ပုံတွေနဲ့ သတင်းမှားဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီ-MWD သတင်းဝက်ဆိုက်ဒ်နဲ့…

သံဖြူဇရပ်မှာ ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၅ ဦး PDF ဖမ်းဆီး

သံဖြူဇရပ်၊ ဇန်နဝါရီ ၃၀ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာရှိ စစ်ကောင်စီ သြဇာခံပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်အပါအဝင် ၅ ဦးကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF ဘက်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်အပါအ ဝင် ပြည်သူ့စစ်အဖွဲ့ဝင်…

ချောင်းနှစ်ခွတိုက်ပွဲအတွင်း ကျန်ရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တစ်ဆင့်မြင့် ရာထူးတိုးပေး

ကျိုက်မရော၊ ဇန်နဝါရီ ၃၀ ရက်ပေါင်း ၅၀ ကြာမြင့်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရဲစခန်းတိုက်ပွဲအတွင်း ကျန်ရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နဲ့ တစ်ဆင့်မြင့် ရာထူးတိုးပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။ ချောင်းနှစ်ခွတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ ရဲသူရတံဆိပ်ရ ရဲတပ်ဖွဲ့ဝင် တစ်ဦး၊ ရဲဗလတံဆိပ်ရ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ စုစုပေါင်းရဲတပ်ဖွဲ့ဝင် ၁၂…

စစ်အာဏာသိမ်း (၁၀၉၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၅၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၃၀ AAPP ရဲ့ ဇန်နဝါရီ (၂၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၉၃) ရက်အတွင်း ပြည်သူ (၄၄၅၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၉၁၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

သုံးလတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀၀ ကျော် လက်နက်ချအညံ့ခံ

မော်လမြိုင် ၊ ဇန်နဝါရီ ၃၀ ၁၀၂၇ စစ်ဆင်ရေး သုံးလတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀၀ ကျော်ဟာ အလံဖြူထောင်ပြီး လက်နက်ချအညံ့ခံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။ စောစောထွက်ပြေးမှ အသက်ရှင်ခွင့်ရလိမ့်မယ်ဆိုတဲ့ အမှန်တရားကို စောစောသိပြီး မိမိရဲဘော်၊ မိသားစုတွေရဲ့ အသက်ကိုငဲ့ညှာလို့ အသက်ချမ်းသာရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအ တွက်ဟာ ၆၀၀၀ ကျော်မက ရှိခဲ့ပြီလို့ ဆိုပါတယ်။ ဒီ…

မွန်ပြည်နယ်မှာ အုပ်စုဖွဲ့လုယက်မှုတွေအထိ ရှိလာပေမယ့် စစ်ကောင်စီအရေးမယူနိုင်

မော်လမြိုင် ၊ ဇန်နဝါရီ ၃၀ မွန်ပြည်နယ်ရဲ့ မြို့နယ်တိုင်းနီးပါးမှာ ခိုးဆိုးလုယက်မှုတွေ တစ်နေ့တခြားပိုမိုဆိုးရွားလာပြီး အုပ်စုဖွဲ့လုယက်မှုတွေအထိ ရှိလာပေမယ့် စစ်ကောင်စီဘက်က ဖော်ထုတ်အရေးယူနိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက ဝေဖန်လိုက်ပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးကာလအတွင်း တရားဥပဒေစိုးမိုးမှု ဆုံးရှုံးလာပြီးနောက် ပြည်နယ်တဝန်းမှာ နေ့စဉ်နဲအမျှ ဆိုင်ကယ်တွေ ခိုးယူခံရတာ၊ ဖုန်းနဲ့ငွေကြေးတွေ ခါးပိုက်နှိုက်ခံရတာ၊ လုယက်ခံရတာအပြင် အုပ်စုဖွဲ့ ဒုစရိုက်မှုတွေပါ ဖြစ်ပွားလာပါတယ်။ မြို့ပေါ်တွေမှာကအစ…

နိုင်ငံရေးပြဿနာ တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမယ်လို့ RCSS ထပ်ပြော

လွယ်တိုင်လျဲန်း ၊ ဇန်နဝါရီ ၃၀ မြန်မာ့နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အပစ်ရပ် သျှမ်းပြည် ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS က ဇန်နဝါရီ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ရဲ့ ဗဟိုဌာနချုပ် လွယ်တိုင်လျဲန်းမှာ…

ကော့ကရိတ်မြို့ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကောင်စီ ကြိုတင်စီစဉ်ခဲ့တယ်လို့ဖော်ထုတ်

ကော့ကရိတ်၊ ဇန်နဝါရီ ၃၀ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးဖို့အတွက် ကြိုတင်စီစဉ်ထားမှုတွေကို နယ်မြေရှင်းလင်းရေးလုပ် ဆောင်စဉ် ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှာ အိမ်အတွင်းက လောင်စာ၊ တာယာကွင်း၊ အင်ဂျင်ဝိုင်၊ သစ်ကိုင်းသစ်ရွက်ခြောက်စတဲ့ မီးလောင်လွယ်တဲ့အရာတွေကို စစ်ကောင်စီတပ်က နေအိမ်ထဲမှာစုပုံစေပြီး မီးရှို့ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ကြို တင်ကြံစည်ထားတဲ့သက်သေတွေကို…

ရဟတ်ယာဉ် ပစ်ချမှုမှာ ဗိုလ်မှူးချုပ်အပါအဝင် ၅ ဦး သေဆုံးတယ်လို့ KNU ထုတ်ပြန်

မြဝတီ၊ ဇန်နဝါရီ ၂၉ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်အနီး စစ်တပ်ရဟတ်ယာဉ်တစ်စီး ပစ်ချခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ညပိုင်းမှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂…

ယူကရိန်းအရာရှိ ၅ ဦး စစ်ပွဲရန်ပုံငွေဒေါ်လာသန်း ၄၀ ခိုးမှုနဲ့ ဖမ်းဆီးခံရ

ကိဗ်၊ ဇန်နဝါရီ ၃၀ ရုရှားကျူးကျော်စစ်ကိုခုခံနေတဲ့ ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းဝယ်ယူမယ့် ရန်ပုံ ငွေထဲက အမေရိကန်ဒေါ်လာသန်း ၄၀ ခိုးယူတယ်လို့ စွပ်စွဲခံထားရတဲ့ ယူကရိန်းအရာရှိ ၅ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်တွေဟာ ယူကရိန်းလက်နက်လုပ်ငန်းတစ်ခုနဲ့ပူးပေါင်းပြီး မော်တာကျည် တစ်သိန်းဝယ်ယူဖို့ လျာထားတဲ့ပိုက်ဆံတွေကို ခိုးယူခဲ့တာကြောင့် ဖမ်းဆီး ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးဌာနက ဆိုထားပါတယ်။ အမေရိကန်က ယူကရိန်းကို ဆက်လက်အကူအညီပေးရေး၊မပေးရေးနဲ့…