ဂန့်ဂေါ – ဇန်နဝါရီ ၁၁

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အတွင်းက စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ငွေချီးမြှင့်တာနဲ့ ဂုဏ်ပြုမှတ်တမ်းပေး တာတွေ ပြုလုပ်ခဲ့တယ်လို့ ဂန့်ဂေါ ပ.အ.ဖ ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ကျဆုံးရဲဘော် ၄ ဦးရဲ့ မိသားစုဝင်တွေကို ရဲဘော်တစ်ဦး အတွက် ၁၀ သိန်းနှုန်းနဲ့ ထောက်ပံ့ပေးခဲ့တာပါ။

ထောက်ပံ့မှုတွေကို အရင်ကလည်း လုပ်ဆောင်ပေးနေတာဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ရန်ပုံငွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်ပေးအပ်တာဖြစ်တယ်လို့ ဂန့်ဂေါ ပ.အ.ဖ နဲ့ နီးစပ်သူ တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ စစ်ဘေးရှောင်တွေကိုကူညီပေးတာ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်အသုံးစရိတ်ကူညီထောက်ပံ့တာတွေပြုလုပ်ပေးနေတယ် လို့သူက ပြောပါသေးတယ်။

လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ဂန့်ဂေါမြို့နယ်အတွင်းစစ်ကောင်စီနဲ့ တော်လှန်ရေး တပ်တွေဟာ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က စခန့်စွန့်ခွာ ထွက်ပြေးနေရသလို တော်လှန်ရေးတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးရှိနေတာပါ။ 

စစ်တပ်အာဏာသိမ်းမှုစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ကနေ ၂၀၂၃ ခုနှစ်အတွင်း ဂန့်ဂေါမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆၁ ဦးကျဆုံးထားပြီး သူတို့အားလုံးအတွက် ကျပ်ငွေသိန်း ၆၁၀ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.