ကန့်ဘလူ၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တင်ငုတ်ကြီးရွာမှာ အ ခြေချတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစ ခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGက ဒီနေ့ နေလည်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အမှတ် (၁) စစ်ဒေသ၊ ကန့်ဘလူခရိုင် ကွပ်ကဲရေး ဦး ဆောင်မှုဖြင့် တင်ငုတ်ကြီးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့တွေနဲ့ မြို့နယ်/ရပ်ကျေး ပကဖ တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၂၅ ဦး သေဆုံးခဲ့သလို ကာဘိုင် ၈ လက်၊ G-3 ၁ လက်၊ Shot Gun ၅ လက်အပါအ၀င် ကျည်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်း ဆည်းရမိခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.